DVB Logo
Home
မြန်မာသတင်း
မြဝတီမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ
DVB
·
April 19, 2023
မြဝတီမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ခလရ ၂၇၅ တပ်အနီး မြေနီကုန်းဘက်ခြမ်းမှာ ဧပြီ ၁၉ ရက်က  KNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီကနေ့မနက် ၆ နာရီလောက်က စတင်ကာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေပြီး လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ကြားနေရတယ်လို့  မြဝတီမြို့ခံတဦးက ပြောပါတယ်။

“ညက ၁၀ နာရီခွဲလောက်က လက်နက်ကြီးလိုမျိုး ပေါက်ကွဲသံ တော်တော်ကျယ်တဲ့အသံ နှစ်ချက်ကြားတယ်။ ဒီမနက် ၆ နာရီလောက်ကစပြီး တိုက်ပွဲဖြစ်နေတော့တာပဲ။ စစ်ကောင်စီရဲ့ထုံးစံအတိုင်း သိတယ်မလား လက်နက်ကြီးတွေရော စက်သေနတ်သံတွေရော ဆက်တိုက်ပဲ။ ဘယ်အချိန် လေယာဥ်လာမလဲပဲ ကြောက်နေရတယ်။ အဲဒီနားမှာကလည်း လူမရှိတော့ဘူး အရင်က နေတယ်။ ဟိုတခေါက် စစ်တပ်က လေယာဥ်နဲ့လာပစ်တော့ နီးစပ်ရာကို ပြေးပြီလေ။ အဲ့ဘက်မှာဖြစ်တာက ခဏခဏပဲ၊ မြို့ထဲအထိတော့ မလာသေးဘူး။ လမ်းသွားလမ်းလာနည်းတယ်၊ မြို့ထဲမှာ ပုံမှန်ပါပဲ။”

ဒီနေ့မနက်ပိုင်း ၈ နာရီခွဲလောက်အထိ တိုက်ပွဲဖြစ်ပွားသံတွေ ကြားနေရပြီး သေနတ်သံတွေက ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ခြမ်းအထိ ကြားနေရတယ်လို့ မဲဆောက်မှာနေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဆီက သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ စစ်ကြောင်းတွေက သတင်းထုတ်ပြန်တာ မရှိသေးတဲ့အတွက် နှစ်ဖက်ထိခိုက်ဒဏ်ရာရ သေဆုံးမှု အခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကရင်ပြည်နယ်၊ မြဝတီ၊ ရွေကုက္ကို၊ ကော့ကရိတ်မြို့နဲ့ တခြားမြို့တွေမှာ စစ်ကောင်စီ BGF ပူးပေါင်းတပ်တွေနဲ့ KNU၊ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ မတ်လ ၂၅ ရက်က စတင်ကာ ဆက်တိုက်ဆိုသလို တိုက်ပွဲဖြစ်ပွားနေတာပါ။

ဧပြီ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ မြဝတီမြို့နယ်ထဲက BGF အထိုင်စခန်း သိန်းတန်ကုန်းကို ကော်ဘရာ၊ ကျားသစ်နက် စတဲ့ ပူးပေါင်းမဟာမိတ်တွေ သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိကာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013