DVB Logo
Home
မြန်မာသတင်း
ကော့ဇ်ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် မီးလောင်မှု ထပ်မံဖြစ်ပွား
DVB
·
April 19, 2023
ကော့ဇ်ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် မီးလောင်မှု ထပ်မံဖြစ်ပွား
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ တက္ကနာ့ဖ်မြို့နယ်ရှိ လေဒါ ရိုဟင်ဂျာဒုက္ခသည်စခန်း ၂ ခုမှာ ဧပြီ ၁၈ ရက် ည ၁၂ နာရီလောက်က မီးလောင်မှုဖြစ်ပွားတာကြောင့် နေအိမ် ၃၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ ဝိုင်းဝန်းငြှိမ်းသတ်လိုက်တာကြောင့် မီးငြိမ်းသွားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် လေဒါဒုက္ခသည်စခန်း အမှတ် ၂၄ မှာ နေအိမ်အလုံး ၃၀ နီးပါးနဲ့ အမှတ် ၂၆ မှာ နေအိမ် ၁ လုံး ပျက်စီးဆုံးရှုံးသွားတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

လောလောဆယ်မှာ မီးလောင်မှုနဲ့ပတ်သက်ပြီး ဘာကြောင့် မီးလောင်ကျွမ်းမှုဖြစ်တယ် ဆိုတာကို အသေးစိတ် မသိရသေးပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်ကလည်း ကော့ဇ်ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မီးလောင်ပြီး လူနေအိမ် ၂,၈၀၀၊ ဆေးရုံနဲ့ ပညာသင်ကြားရေးစင်တာ အပါအဝင် အဆောက်အဦ ၉၀ ကျော် မီးလောင်ပျက်စီးခဲ့ကာ လူပေါင်း ၁၂,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013