DVB Logo
Home
မြန်မာသတင်း
စားနပ်ရိက္ခာဖူလုံစေရေး စပါးနှင့် ပဲ ဦးစားပေးစိုက်ပျိုးရန် ဖယ်ခုံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တိုက်တွန်း
DVB
·
April 18, 2023
စားနပ်ရိက္ခာဖူလုံစေရေး စပါးနှင့် ပဲ ဦးစားပေးစိုက်ပျိုးရန် ဖယ်ခုံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တိုက်တွန်း
Donate to DVB

ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေးအတွက် စပါးနဲ့ ပဲအမျိုးမျိုးကို ဦးစားပေးစိုက်ပျိုးဖို့၊ ကျန်းမာရေး၊ ဘာသာရေးနဲ့ ပညာရေးတို့ကို အားသွန်ခွန်စိုက်ကြိုးစားဖို့ စတာတွေကို ဖယ်ခုံမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီဟာ ကယား(ကရင်နီ)နဲ့ ဖယ်ခုံမြို့နယ်တို့ကို ဖြတ် ၄ ဖြတ်စနစ် ကျင့်သုံးပြီး စားနပ်ရိက္ခာဖြတ်တောက်တာ၊ ဆက်သွယ်ရေးဖြတ်တောက် သတင်း အမှောင်ချတာတွေ လုပ်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်အာဏာရှင် ကျရှုံးတဲ့အထိ အသက်မသေဘဲ အသက်ရှင်ကျန်ရစ်နိုင်အောင် အကြံပြုချက်တွေ ထုတ်ပြန်ထားတာပါ။

နွေဦးတော်လှန်ရေးကို ယုံယုံကြည်ကြည်ထောက်ခံအားပေးဖို့နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ထုတ်ပြန်တဲ့ စစ်ရေးသတိပေးချက်တွေကို လိုက်နာပေးဖို့၊ တော်လှန်ရေးမှာ အဓိကထောက်တိုင်အဖြစ်ပါဝင်ပေးကြတဲ့ ပြည်သူ့ဝန်ထမ်း CDM တွေနဲ့ လူသား အရင်းအမြစ်တွေကို ဂရုစိုက်ထိန်းသိမ်းပေးကြဖို့ အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် စပါးနဲ့ ပဲအမျိုးမျိုးတို့ကို ဦးစားပေး စိုက်ပျိုးဖို့နဲ့ တောင်သူတယောက်နဲ့တယောက် အပြန်အလှန် ချိတ်ဆက် စိုက်ပျိုးဖို့၊ ကျန်းမာရေး ပညာရေးနဲ့ ဘာသာရေးတို့ကိုလည်း အားသွန်ခွန်စိုက် ကြိုးစား အားထုတ်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အသက် အိုးအိမ်တွေ အမြောက်အမြားကို ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီဟာ ဘယ်အခါမှ နောင်တရမှာမဟုတ်ဘဲ သူတို့ မသေမချင်း ပြည်သူတွေကို နှိပ်စက်နေမှာဖြစ်လို့ ပြည်သူတရပ်လုံးအနေနဲ့ အသက်အရွယ် အသားအရောင် အဆင့်အတန်း လူမျိုးဘာသာ ကျား၊ မနဲ့ မွေးရပ်မြေတို့ကို မခွဲခြားဘဲ တယောက်နဲ့ တယောက်၊ မိသားစုတခုနဲ့ တခု၊ တရွာနဲ့ တရွာ၊ တဖွဲ့နဲ့တဖွဲ့ အချင်းချင်းမေတ္တာရှေ့ထား ဝိုင်းဝန်းဖေးမဖို့ ကြိုးစားကြရမယ်လို့ ဆိုပါတယ်။

စစ်အစိုးရကဖန်တီးထားတဲ့ သွေးခွဲစနစ်အောက်ကနေလွတ်မြောက်ပြီး လွတ်လပ် တန်းတူမှုရှိတဲ့ စည်းလုံးဖွံ့ဖြိုးတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အသိုက်အဝန်းတခု တည်ဆောက်ရာမှာ အသက်ရှင်ကျန်ရစ်သူ တယောက်ကိုမှ မချန်ထားဘဲ ပြန်လည်ကုစား ထူထောင်သွားမယ်လို့လည်း ဆိုပါတယ်။

ဖယ်ခုံမြို့နယ်ထဲမှာ စစ်တပ်က အာဏာသိမ်းချိန်ကနေ အခုချိန်အထိ စစ်ကောင်စီကြောင့် အပြစ်မဲ့ပြည်သူ ၈၉ ယောက်သေဆုံးခဲ့ပြီး အယောက် ၁၆၀ လောက်ဒဏ်ရာရခဲ့သလို လက်နက်ကြီးဒဏ်နဲ့ မီးရှို့ဖျက်ဆီးတာကြောင့် ဘာသာရေးအဆောက်အအုံ ၈ ခု အပါအဝင် လူနေအိမ်ပေါင်း ၇၅၀ လောက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း ထုတ်ပြန်ထား ပါတယ်။ ပြီးတော့ လူပေါင်း ၈ သောင်းထက်မနည်းဟာလည်း စစ်ဘေးရှောင်နေရ တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013