DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ကျရှုံးသည်အထိ တော်လှန်ရေးအဖွဲ့အားလုံးနှင့် တိုက်ပွဲဝင်မည်ဟု ကေအန်ယူပြော
DVB
·
April 17, 2023
စစ်အာဏာရှင်ကျရှုံးသည်အထိ တော်လှန်ရေးအဖွဲ့အားလုံးနှင့် တိုက်ပွဲဝင်မည်ဟု ကေအန်ယူပြော
Donate to DVB

စစ်အာဏာရှင်စနစ်ကျရှုံးတဲ့အထိ ဆန့်ကျင်တော်လှန်နေတဲ့ အင်အားစုအဖွဲ့အစည်းအားလုံးနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၅ က ဧပြီ ၁၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီ ၁၁ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာက အပြစ်မဲ့အရပ်သားပြည်သူ ၁၆၀ ကျော်သေဆုံးခဲ့ရတဲ့အပေါ် အခုလို ထုတ်ပြန်ကြေညာခဲ့တာပါ။

စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး ဒီကနေ့အထိ တိုင်းရင်းသား တော်လှန်ရေးနယ်မြေမှာသာမက ဗမာတိုင်းရင်းသားတွေနေထိုင်တဲ့ မြို့ပြဒေသတွေပါမကျန် အပြစ်မဲ့ပြည်သူတွေကို ရန်သူသဖွယ်သဘောတားပြီး မတရားပစ်ခတ်တိုက်ခိုက် သတ်ဖြတ်နေတာကို တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။

မတရားတဲ့ နည်းလမ်းပေါင်းစုံကို ကျင့်သုံးပြီး ပြည်သူတွေအပေါ် ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီတပ်တွေရဲ့ ရက်စက်ယုတ်မာမှုအပေါ် ကေအန်ယူတပ်မဟာ ၅ အနေနဲ့ လုံးဝကန့်ကွက်ရှုတ်ချတဲ့အပြင် သေဆုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ မိသားစုတွေနဲ့အတူ ထပ်တူ ထပ်မျှဝမ်းနည်းရပြီး ပြည်သူတွေ အဖိနှိပ်ခံဘဝက လွတ်မြောက်စေဖို့အတွက် အသက်ပေးခဲ့ရတဲ့ ပုဂ္ဂိုလ်အားလုံးကိုလည်း လေးစားဂုဏ်ပြုအပ်ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ကောင်စီဟာ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ် တည်တံ့ခိုင်မြဲရေးအတွက်သာဖြစ်တဲ့အတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေအပါအဝင် ဆန့်ကျင်တော်လှန်တဲ့ အင်အားစုအဖွဲ့အစည်းတွေအားလုံးနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

ဒါအပြင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်ကောင်စီကို ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်နိုင်ရေးအတွက် လက်တွေ့ကျကျဆောင်ရွက်ပေးကြဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။

ဖာပွန်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “စစ်ကောင်စီကတော့ အပြစ်မဲ့ အရပ်သားပြည်သူတွေကိုပါ ပစ်မှတ်ထားပြီး ရက်စက်တဲ့ လုပ်ရပ်ကတော့ ဘယ်လိုမှ မခံစားနိုင်ဘူး။ အဲဒီအပေါ်မှာလည်း အကြမ်းဖက်စစ်အာဏာရှင်အမြစ်ပြတ်တဲ့အထိ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံတကာရဲ့အကူအညီ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဆက်ပြီး တော်လှန်ရေးအောင်မြင်တဲ့အထိ လုပ်ဆောင်သွားရမယ်ဆိုတာ ပိုပြီးစိတ်ဓာတ်တွေ ပြင်းထန်လာတယ်” လို့ ပြောပါတယ်။

လတ်တလောမှာ လက်နက်ကိုင်တိုင်းရင်းသားနယ်မြေတွေအပါအဝင် စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်း စတဲ့နေရာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ နေ့တိုင်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013