DVB Logo
Home
မြန်မာသတင်း
မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက် ကလေးငယ်အပါအဝင် အပြစ်မဲ့ ပြည်သူ ၃ ဦးသေဆုံး
DVB
·
April 17, 2023
မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်   ကလေးငယ်အပါအဝင် အပြစ်မဲ့ ပြည်သူ ၃ ဦးသေဆုံး
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက် မနေ့ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေအကြမ်းဖက် တိုက်ခိုက်ခဲ့လို့ ကလေးငယ်တယောက်၊ သက်ကြီးရွယ်အိုတယောက်နဲ့ မိန်းကလေးငယ်တယောက် သေဆုံးသွားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်နဲ့ ညနေ ၄ နာရီလောက်မှာ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁၊ ပန်းပါရွာကို ၆ ကြိမ်လာရောက်တိုက်ခိုက်ပြီး ဗုံး ၁၇ လုံးကြဲချတာလို့ CDF Mindat ရဲ့ သတင်းပြန်ကြားရေးနဲ့ မှတ်တမ်းဌာနက ထုတ်ပြန်ထားတာပါ။

အဲဒါကြောင့် အသက် ၇၀ အရွယ် အဘွားအိုတယောက်၊ အသက် ၄ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးသွားပြီး အမျိုးသမီး ၅ ယောက်နဲ့ အမျိုးသား ၂ ယောက်တို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ညဘက်မှာ ဒဏ်ရာရိထားတဲ့အထဲက အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တယောက် ထပ်ပြီးသေဆုံးခဲ့တယ်လို့ CDF Mindat က ဒီမနက်မှာ ထုတ်ပြန်လာပါတယ်။

စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ် ၉ လုံးလည်း မီးလောင်ပျက်စီးခဲ့ပြီး မင်းတပ်မြို့မှာရှိတဲ့ ခလရ ၂၇၄ ကလည်း ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းကနေတိုက်ခိုက်တာကို ပိုအားထားသုံးလာပြီး ပြီးခဲ့တဲ့ ဇန်နဝါရီကနေ မတ်လအတွင်း နိုင်ငံတဝန်း လေကြောင်းကတိုက်ခိုက်တာ၊ ပစ်ကူတာ ၄၇ ကြိမ်လုပ်ခဲ့ပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကိုလည်း ဇန်နဝါရီ ၇ ရက်ကနေ ၂၃ ရက်အထိ လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013