DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နာမည်ဆိုးဖြင့် ကျော်ကြားသူအဖြစ် တိုင်းမ်မဂ္ဂဇင်း ဖော်ပြ
DVB
·
April 15, 2023
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နာမည်ဆိုးဖြင့် ကျော်ကြားသူအဖြစ် တိုင်းမ်မဂ္ဂဇင်း ဖော်ပြ
Donate to DVB

တိုင်းမ်မဂ္ဂဇင်းက ၂၀၂၃ ခုနှစ်အတွက်ရွေးချယ်ထားတဲ့ ကမ္ဘာ့ဩဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နာမည်ဆိုးနဲ့ ကျော်ကြားသူအနေနဲ့ ထည့်သွင်းဖော်ပြလိုက်ပါတယ်။

တိုင်းမ်မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံကို အပယ်ခံဘဝ ပြန်ရောက်အောင် လုပ်ခဲ့သူဖြစ်ပြီး ကမ္ဘာမှာ ဒုတိယအဆိုးဆုံး အာ ဏာရှင်နိုင်ငံ ဖြစ်အောင် လုပ်ခဲ့သူဖြစ်တယ်လို့ သူ့ကို ရွေးချယ်ခဲ့တဲ့ တိုင်းမ်မဂ္ဂဇင်းရဲ့ အရှေ့ အာရှ သတင်းထောက် ချာလီကမ့်ဘဲလ်က ပြောထားပါတယ်။

Economist Intelligence Unit ရဲ့ ၂၀၂၂ ခုနှစ် ဒီမိုကရေစီ အညွှန်းကိန်းထဲမှာ တာလီဘန် တွေပြီးရင်း မြန်မာစစ်ကောင်စီဟာ အဆိုးဆုံး အာဏာရှင်ဖြစ်တယ်လို့ ဖော်ပြခဲ့တာကို ကိုးကားပြီး ပြောလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ  ပြီးခဲ့တဲ့ မတ် ၂၇ ရက်မှာ ကျင်းပခဲ့တဲ့ တပ် မတော်နေ့ အခမ်းအနားမှာ ဆုတံဆိပ်ပေါင်းများစွာ တပ်ဆင်ထားတဲ့ တပ်မတော်သား ၀တ်စုံကို ဝတ်ဆင်ထားပြီး အမိုးဖွင့် ဂျစ်ကားနဲ့ စစ်သည် ထောင်ပေါင်းများစွာကို ကြည့်ရှု စစ်ဆေးခဲ့တယ်လို့ ဖော်ပြပါတယ်။ 

အဲဒီလို ခမ်းနားစွာပြသတာက ၂၀၂၁ စစ်အာဏာ သိမ်းပြီး နောက်ပိုင်းမှာ အသက် ၆၆ နှစ်အရွယ် စစ်ခေါင်းဆောင်အတွက် ၅၄ သန်းသော ပြည်သူတွေရှိတဲ့ နိုင်ငံကို ချုပ်ကိုင်ထားမှုရဲ့ အချက်ပြမှုဖြစ်တယ်လို့လည်း ဖော်ပြထားတာကို တွေ့ရပါတယ်။

၂၀၂၃ ခုနှစ်အတွက် သြဇာလွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းရဲ့ ခေါင်းဆောင်ကဏ္ဍ ထိပ်ဆုံးမှာတော့ ယူကရိန်းသမ္မတကတော် အိုလန်နာ ဇလန်စကာကို ရွေးချယ်ထားခဲ့တာကို တွေ့ရပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနဲ့ ဂျာမနီ ဝန်ကြီးချုပ် အိုလတ်ဖ် ရှို့လ်ဇ်တို့လည်း ရွေးချယ်ထည့်သွင်းခံထားရပါတယ်။

ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းက နှစ်စဉ်ထုတ်ပြန်တဲ့ သြဇာလွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် စာ ရင်းကိုတော့ ကမ္ဘာတဝန်း ကောင်းတဲ့ဘက်ကရော၊ မကောင်းတဲ့ဘက်မှာပါ လူမှုဘဝတွေ၊ သတင်းစာမျက်နှာတွေအပေါ် လွှမ်းမိုးနိုင်တဲ့ လူပုဂ္ဂိုလ်၊ ဒါမှမဟုတ် အဖွဲ့အစည်းတွေကို ၁၉၂၇ ခုနှစ်ကတည်းက နှစ်စဉ်ရွေးချယ်ဖော်ပြခဲ့တာဖြစ်ပြီး အနုပညာရှင်တွေ၊ ဖန်တီးတီ ထွင်သူတွေ၊ ဦးဆောင်စွန့်စားသူတွေ၊ အမွှန်းတင်ဂုဏ်ပြုထိုက်သူတွေနဲ့ စွမ်းရည်ထက် မြက်သူတွေကိုလည်း ကဏ္ဍအလိုက် ရွေးချယ်ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း ကမ္ဘာမှာ ဩဇာအရှိဆုံး အမျိုးသမီး အယောက် ၁၀၀ ကို တိုင်းမ် မဂ္ဂဇင်းက ၂၀၂၀ ပြည့်နှစ်တုန်းက ရွေးချယ်ဖော်ပြရာမှာ မြန်မာနိုင်ငံက နိုင်ငံတော် အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ရွေးချယ်ခံရဖူးပြီး ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ရုပ်ပုံကို  တိုင်းမ်မဂ္ဂဇင်းက ၁၉၉၀ ပြည့်နှစ်က ထုတ်ဝေခဲ့တဲ့  မဂ္ဂဇင်းရဲ့ မျက်နှာ ဖုံးမှာလည်း ဖော်ပြခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013