DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်၌ ပကဖ စခန်းဝင်ရောက်စီးနင်းခံရပြီး PDF တပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံရ
DVB
·
April 12, 2023
ကလေးမြို့နယ်၌ ပကဖ စခန်းဝင်ရောက်စီးနင်းခံရပြီး  PDF တပ်ဖွဲ့ဝင်အချို့  ဖမ်းဆီးခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်‌တောင်ပိုင်း သာစည်ရွာအနီးမှာ ဧပြီ ၁၂ ရက် ဒီနေ့မနက် အရုဏ် တက်ချိန်မှာ ကလေး PDF တပ်ဖွဲ့ဝင် ၉ ဦး ကားတစ်စီး၊ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးခံရပြီး  ၁ ဦး ကျည်ထိမှန်ကျဆုံးခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က သာစည်ရွာအတိုင်း ဝင်ရောက်ပြီး သာစည်ရွာအနီးမှာရှိတဲ့ ပကဖ စခန်းငယ်ထဲကို ပစ်ခတ်ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ တချို့ ဖမ်းဆီးခံရပြီး တချို့ထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့  ပကဖတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"မနက် သုံးနာရီဝင်စီးတာခံရတာ။ လွတ်တဲ့သူတွေက လွတ်ကြတယ်။ မနက်အစောကြီးဆိုတော့ မထင်မှတ်ထားကြတာ။ ဖမ်းဆီးခံရတဲ့ ပကဖအဖွဲ့ဝင်တွေကို  စိတ်ပူမိတယ်။"

ဖမ်းဆီးရာမှာ ဖုန်းတွေပါ သိမ်းဆည်းခံထားရလို့  ပြောဆိုဆက်သွယ်ဆက်စပ်ရှိသူတွေအနေနဲ့ မြို့တွင်း မြို့ပြင်သတိထားကြဖို့နဲ့ စစ်ကောင်စီကလိုက်လံဖမ်းဆီးနေတယ်လို့   တော်လှန်ရေးအင်အားစုတွေ သတိပေးထားကြပါတယ်။

စစ်ကောင်စီဘက်ကတော့ တာဝန်သိပြည်သူတွေရဲ့ သတင်းပေးချက်အရ ပကဖ တပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ အတူ အိမ်စီးကားတစ်စီး အပါအဝင် လက်နက်ခဲယမ်းတွေပါ သိမ်းဆည်း နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပကဖတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရပြီးနောက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက သာစည်ကျေးရွာတွင်းက နေအိမ်တွေကို လိုက်လံမီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ- Fifty two

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013