DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုအနီး ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်
DVB
·
April 12, 2023
တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုအနီး ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး မဲကနယ်ကျေးရွာနဲ့ နယ်ခြားစောင့်တပ် BGF ထိန်းချုပ်နယ်မြေ ရွေကုက္ကိုဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတဲ့အတွက် ထိုင်းဘုရင့်တော်ဝင်တပ် တပ်မ (၃၅) နယ်စပ်လုံခြုံရေးအထူးတပ်ဖွဲ့ကို ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တလျှောက်မှာ လုံခြုံရေးတိုးမြှင့်ချထားပါတယ်။

မြဝတီမြို့နယ်ထဲမှာ မတ်လ ၂၅ ရက်ကစပြီး တိုက်ပွဲတွေဖြစ်ပွားနေရာမှာ  ဧပြီ ၁၁ ရက် မနေ့ မနက် ၈ နာရီလောက်ကလည်း  မြဝတီမြို့ မြေနီကုန်းအကျော် တံတားဦးနားမှာ စစ်ကောင်စီတပ်နဲ့   KNLA၊PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းကပါ တိုက်ခိုက်နေတာကြောင့် ထိုင်းဘက်က လုံခြုံရေးတိုးမြှင့်ထားတာပါ။

PDF မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာနတာဝန်ခံ ကိုထွန်းထွန်းက "အခုဆို စစ်ရှောင်တွေ ပြေးလာတာရှိတယ်။ ဒဏ်ရာရရဲဘော်တွေပြေးလာတာရှိမယ်။ သူတို့နိုင်ငံထဲကို မဝင်အောင် လက်နက်ပါလာရင် စောင့်သိမ်းတာမျိုးတွေ အတွက်ပေါ့။ ထိုင်းသတင်းကလည်း ဖော်ပြထားတယ်။ ဗမာစစ်တပ်ကနေလည်း သူတို့နိုင်ငံဘက်ခြမ်းကို ထပ်မပစ်အောင်ပေါ့။ လေးကေ့ကော်ဖြစ်စဥ်တုန်းကလည်း အဲ့လိုလုပ်တယ်။ အဲ့တုန်းကတော့ အခုတပ်မ မဟုတ်ဘူး နယ်မြေလုံခြုံရေးတပ်ပေါ့။ အခုဆို မဲကနယ်မှာ မနေ့က လေယာဥ်နဲ့ကြဲတယ်။ မဲဆောက်ဘက် အထိမြေတုန်တယ်။ အဲတာကြောင့်တိုးမြှင့်လိုက်တာ။ နယ်နိမိတ်မှာ ဖြန့်ချလိုက်တာလို့ ထင်တယ်” လို့ ပြောပါတယ်။

မတ်လလောက်ကတည်းကစပြီး စစ်ကောင်စီရဲ့ ကုန်သွယ်ရေးဇုန်ကို ကော်ဘရာစစ်ကြောင်းက ဝင်တိုက်လို့ ကုန်သွယ်စီးဆင်းမှု ထိုင်းကလည်းရပ်သွားတာရှိသလို  မဲဆောက်မှာ ဆေးလာကုတဲ့ PDF ရဲဘော်သုံးယောက်ကို ထိုင်းလဝကက  BGFဆီပြန်ပို့တဲ့ကိစ္စကြောင့် ထိုင်းအတိုက်အခံပါတီက အခုလက်ရှိထိုင်း အစိုးရကို ဝေဖန်နေတာလည်းရှိပါတယ်။

လက်ရှိတိုက်ပွဲအခြေအနေနတဲ့ ပတ်သက်ပြီး မြဝတီမြို့ခံတစ်ဦးက " မနေ့က မနက်ကတော့ လေယာဥ်တွေနဲ့ လာပစ်တယ်။ အပစ်ခံရတဲ့ ရွာတွေက အခုလူမရှိတော့ဘူး။ နီးစပ်ရာ နီးစပ်ရာကိုရှောင်ကုန်ကြပြီ။ မနေ့က ကမ်းနဖူးကို ကျနော်သွားတယ် ထိုင်းစစ်တပ်ရဲတွေတော့ ပုံမှန်ပဲ လုံခြုံရေးတိုးမြှင့်ထားတာ  ကြားတော့ကြားတယ်။ ဘယ်နားတွေလဲမသိဘူး။ ချစ်ကြည်ရေးတံတားတွေမှာတော့ ပုံမှန်လိုပဲ"လို့ ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာပြည် နေရာအနှံ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး  မနေ့က ဧပြီ ၁၁ ရက်နေ့မှာပဲ ကရင်ပြည်နယ် မြဝတီမြို့နယ်၊ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ချင်းပြည်နယ် မင်းတပ်မြို့တွေကို စစ်ကောင်စီက လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ နေရာ ၃ နေရာပါင်းရင် အနည်းဆုံး လူ ၂၀၀ ထက်မနည်း ထိခိုက်သေဆုံးဒဏ်ရာရနိုင်တယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေထံက  သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013