DVB Logo
Home
မြန်မာသတင်း
ပူတာအိုတွင် ထိန်းသိမ်းကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်နှင့်ရှားပါးငှက်မျိုးစိတ်များ ဖမ်းဆီး သတ်ဖြတ် ရောင်းချနေ
DVB
·
April 12, 2023
ပူတာအိုတွင် ထိန်းသိမ်းကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်နှင့်ရှားပါးငှက်မျိုးစိတ်များ ဖမ်းဆီး သတ်ဖြတ် ရောင်းချနေ
1 / 4
Donate to DVB

ကချင်ပြည်နယ် ပူတာအိုမြို့မှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမယ့် တောရိုင်းတိရစ္ဆာန်တွေနဲ့ ရှားပါး ငှက်မျိုးစိတ်တွေကို ဖမ်းဆီးသတ်ဖြတ် ရောင်းချနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အရင်ကတော့ တောရိုင်းတိရစ္ဆာန်တွေကို ပေါ်ပေါ်ထင်ထင် မရောင်းဘူး။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဈေးထဲမှာ ပေါ်ပေါ်ထင်ထင်ပဲ ရောင်းနေကြတာ။ ထိန်းသိမ်းကာကွယ်ရမယ့် သားငှက်တွေ လမ်းဘေးမှာ ထိုင်ရောင်းနေတယ်။ ဘယ်အဖွဲ့ အစည်းကမှလည်း ဥပဒေအရ အရေးယူတာတွေ ထိန်းသိမ်းစောင့်ရှောက်ဖို့ အသိပညာပေးတာတွေမရှိဘူး" လို့ ပူတာအို ဒေသခံတဦးက ပြောပါတယ်။

ပူတာအိုမြို့ မနက်ခင်းဈေးနဲ့ အနီးအနားတွေမှာ တောရိုင်းတိရစ္ဆာန်တွေနဲ့ ရှာပါးငှက်မျိုးစိတ်တွေ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ ကြော်ငြာဘုတ်တွေစိုက်ထူထားပေမဲ့ လေယာဉ်ကွင်းဈေး  မြို့မဈေးတွေမှာ ရှားပါးတိရစ္ဆာန်တွေနဲ့ ထိန်းသိမ်းစောင့်ရှောက်ရမယ့် ငှက်မျိုးစိတ်တွေကို ပေါ်ပေါ်ထင်ထင် သတ်ဖြတ်ရောင်းချနေတာပါ။

"ရှားပါး ငှက်မျိုးစိတ်တွေ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုပြီး သစ်တော ဌာနကနေ ဆိုင်းဘုတ်ကြီးကို လေယာဉ်ကွင်းဈေးနားမှာထောင်ထားတယ်။ ဈေးထဲမှာပဲ တောရိုင်းတိရစ္ဆာန်တွေကို သတ်ဖြတ်ရောင်းချနေတယ်။ နောက် မြို့မဈေးဆိုရင်လည်း အဲ့ဒီနားမှာ အစိုးရရုံးစိုက်တဲ့နေရာနဲ့ နီးနီးလေး၊ ပေါ်တင်ပဲ ရောင်းချနေတာ" လို့ ဒေသခံ အမျိုးသားတဦးက ပြောတယ်။

ပူတာအိုမြို့ မနက်ခင်းဈေးတွေမှာ  ပြီးခဲ့တဲ့ မတ်လပိုင်းကစပြီး ရှားပါးတိရစ္ဆာန်တွေဖြစ်တဲ့  မျောက်မြှီးရှည်၊ တောင်ဆိတ်နီ၊ မျောက်လွဲကျော် နဲ့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမယ့် ဆောင်းခိုငှက်တွေ၊ ရှာပါးငှက်မျိုးစိတ်တွေ၊    ကြိုးကြာခေါင်းမဲ စတာတွေကို သတ်ဖြတ်ရောင်းချနေကြတာပါ။

"ခုနောက်ပိုင်းက သားငှက် သတ်ဖြတ်ရောင်းချတာတွေက အရင်ထက်ပိုဆိုးလာတယ်။ တောရိုင်း တိရစ္ဆာန်တွေနဲ့ သဘာဝပတ်ဝန်းကျင်က ပိုမိုဆိုးရွားထိခိုက်မှုတွေ ပိုများလာတယ်။ အဲဒီလို မဆင်မခြင် သတ်ဖြတ်မှုတွေလုပ်ပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုတွေ မလုပ်ရင် ဂေဟစနစ် မကြာခင်ပျက်စီးမှာပဲ။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့လည်း အရေးယူတာ အသိပညာပေးတာတွေ အမြန်ဆုံးလုပ်သင့်တယ် "လို့ ပူတာအိုမြို့မှ သဘာဝပါတ်ဝန်းကျင်ချစ်မြတ်နိူးသူတဦးက ပြောပါတယ်။

ပူတာအိုမြို့နယ်မှာ ပါဝင်တဲ့ ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်းမှာ ငှက်မျိုးစိတ် ၃၇၀ မျိုး၊ လိပ်ပြာမျိုးစိတ် ၃၆၀ မျိုး ၊ ကုန်းနေရေနေ သတ္တဝါ ၈၂ မျိုး ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013