DVB Logo
Home
မြန်မာသတင်း
ကမ္ဘာကြီး၏ မျက်ကွယ်ပြုမှုကြောင့် မြန်မာတွင် အပြစ်မဲ့ပြည်သူများသတ်ဖြတ်ခံနေရဟု ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်ပြော
DVB
·
April 12, 2023
ကမ္ဘာကြီး၏ မျက်ကွယ်ပြုမှုကြောင့် မြန်မာတွင် အပြစ်မဲ့ပြည်သူများသတ်ဖြတ်ခံနေရဟု ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်ပြော
Donate to DVB

မြန်မာစစ်တပ်က အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတာဟာ ကမ္ဘာကြီးရဲ့ မျက်ကွယ်ပြုမှု ကြောင့်နဲ့ စစ်တပ်ကို လက်နက်ထောက့်ပံ့နေသူတွေကြောင့်ဖြစ်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ကလေးတွေ ဘယ်လောက်များများ သေကျေမှ ဒီလို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ရပ်တန့်ဖို့ လုပ်ဆောင်နိုင်မလဲလို့ ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ဟာ မေးခွန်းထုတ်လိုက်ပါတယ်။ 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးကျေးရွာမှာ ဧပြီ ၁၁ ရက်မနက်က စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူပေါင်း ရာချီ သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုစားလှယ်က သူ့ရဲ့ ထွစ်တာလူမှုကွန်ရက်မှာ ရေးသားထားတာဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ ဒီကနေ့ စစ်ကိုင်းကို လေကြောင်းတိုက်ခိုက်မှုအပါအဝင် အပြစ်မဲ့ပြည်သူတွေကို မြန်မာစစ်တပ်က တိုက်ခိုက်တာတွေက ကမ္ဘာကြီးရဲ့မျက်ကွယ်ပြုမှုကြောင့်၊ စစ်တပ်ကို လက်နက်ထောက့်ပံ့နေသူတွေကြောင့် ဖြစ်တာပါ။ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ကလေးတွေ ဘယ်လောက်များများ သေကျေမှ ဒီလိုသတ်ဖြတ်မှုတွေ ရပ်တန့်ဖို့ ခိုင်မာအားကောင်းတဲ့ အရေးယူတုံ့ပြန်မှုတွေ ပူးပေါင်းလုပ်ဆောင်ကြတော့မှာလဲ”လို့ တွမ်အန်ဒရူးစ် ကပြောပါတယ်။

ပဇီကြီးကျေးရွာကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်ကလည်း အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပြီး  ဒီလုပ်ရပ်ကို ကျူးလွန်သူတွေအနေနဲ့ တာဝန်ခံဖို့နဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ မြန်မာစစ်တပ်ကို တောင်းဆိုထားပါတယ်။

ပဇီကြီးကျေးရွာမှာ ဧပြီလ ၁၁ ရက်မနက်က ရွာသူရွာသားတွေ စုရုံးနေတဲ့အချိန်  စစ်ကောင်စီတပ်က  တိုက်လေယာဉ်တွေနဲ့ရော စစ်ရဟတ်ယာဉ်တွေပါ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့လို့  အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူ ၁၀၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

မနေ့ညနေပိုင်းမှာလည်း   ပဇီကြီးကျေးရွာမှာ ကယ်ဆယ်ရေးအဖွဲ့တွေက သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို လိုက်လံကောက်ယူ မီးသင်္ဂြိုဟ်ဖို့ ပြင်ဆင်နေချိန်  စစ်ကောင်စီလေတပ်က နောက်တကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013