DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် မေတ္တာရှင်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဖမ်းဆီးခံရ
DVB
·
April 11, 2023
ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် မေတ္တာရှင်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဖမ်းဆီးခံရ
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် မေတ္တာရှင်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌကို စစ်ကောင်စီတပ်ဖွဲ့က ဧပြီ ၉ ရက်နေ့ ညမှာ ဖမ်းဆီးသွားပြီး မိသားစုနဲ့ ဒီနေ့အထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

"ည ၈ နာရီလောာက် ရဲတွေ ရောက်လာပြီး မေးစရာရှိတယ် လိုက်ခဲ့ပါဆိုပြီးခေါ်သွားတယ်။ ဘယ်ကိုခေါ်သွားမှန်းလဲ မသိဘူး။ ဘာကြောင့် ခေါ်သွားမှန်းလဲ မသိဘူး။ မိသားစုနဲ့လည်း အဆက်အသွယ်မရသေးဘူး ဆိုတော့ မိသားစုဝင်တွေလည်း စိတ်ပူနေတယ်" လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ရောင်းချနေတဲ့ မေတ္တာရှင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦမင်းအောင်ကို အရပ်ဝတ်နဲ့ ရဲဝတ်စုံ ဝတ်ဆင်ထားသူတွေက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့ကလည်း မှော်စီစာကျေးရွာ ကျောက်စိမ်းလုပ်ကွက်တခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ ဘတ်ဟိုးမောင်းနှင်သူတွေကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးသွားပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013