DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ကျောက်ပနံရွာသားတဦး ဒဏ်ရာရ
DVB
·
April 11, 2023
စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ကျောက်ပနံရွာသားတဦး ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းမြို့ တပ်မ ၃၃ စစ်ကောင်စီတပ်က ဧပြီ ၁၀ ရက် မနက် ၈ နာရီလောက် ကျောက်ပနံရွာအနီးကို ရမ်းသန်းပစ်ခတ်တာကြောင့် ရွာသားတဦး ဒဏ်ရာရခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

ကံကြီးကုန်းရွာကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကား ၃ စီးနဲ့ စစ်ကိုင်းတပ်မ ၃၃ ကို ပြန်ရင်း အခုလိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်းက ကံကြီးကုန်းရွာက PDF ကလေးတဦးကို  စစ်ကိုင်းမြို့မှာ ဖမ်းမိတယ်။ အဲလိုဖမ်းမိပြီး စစ်ကြောရေးမှာ ထွက်ဆိုချက်အရ ကံကြီးကုန်းရွာက ကိုဇော်မင်း အသက် ၄၀ ကျော်နဲ့ ဦးတိုက်ကြီး အသက် ၅၀ ကျော်တဲ့ အဲဒီလူနှစ်ယောက်ကို ဝင်ဖမ်းတယ်။ သူတို့ စစ်ကြောရေးကရတဲ့ အချက်အလက်တွေအရ ကံကြီးကုန်းရွာက အိမ် ၂၀ ကျော်လောက်ကိုလည်း ရှာဖွေတာတွေ လုပ်တယ်။ မနက် ၈ နာရီလောက်မှာ ကံကြီးကုန်းကနေ အဲလို ဖမ်းဆီးပြီး  ဦးတိုက်ကြီးကို ပြန်လွှတ်ပေးထားခဲ့တယ်။ ပြန်ထွက်လာပြီး ကျနော်တို့ ကျောက်ပနံရွာအနီးမှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ ကိုသာချို အသက် ၅၀ ကျော်  နောက်ကြော ခါးအထက်မှာ ကျည်ထိမှန်တယ်။ ကျည်ဆန်က အသည်းနဲ့ ကျောက်ကပ်ကြားမှာ ဝင်နေတာကြောင့် အသက်အန္တရယ်အတွက် စိုးရိမ်ရတဲ့ အနေအထားရှိနေတယ်။ ဆေးကုသမှုကတော့ ပေးနေတယ်” လို့ ကျောက်ပနံဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ကိုင်းမြို့နယ်ဘက်မှာ စစ်ရေးလှုပ်ရှားနေပြီး စစ်ကိုင်းနဲ့ထိစပ်နေတဲ့ မတ္တရာမြို့နယ် အနောက်ဘက်အခြမ်းတောပုရွာဘက်ကနေ ပိုဝ‌ မြောက်ရွာဘက်ကို လက်နက်ကြီးနဲ့ ၃ ချက်ပစ်ခတ်တာကြောင့် ကျေးရွာရဲ့အပြင်မှာ ကျရောက်ပေါက်ကွဲခဲ့ကာ ဒေသခံတွေ ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013