DVB Logo
Home
မြန်မာသတင်း
ခရမ်း ပိန်းကန်ရဲစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ
DVB
·
April 10, 2023
ခရမ်း ပိန်းကန်ရဲစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်တိုင်း ခရမ်းမြို့နယ် ပိန်းကန်ရဲစခန်း ဒီနေ့ မနက်ကိုးနာရီခွဲက ဒရုန်းအသုံးပြုပြီး ဗုံးနဲ့နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။ 

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက "ရဲစခန်းကို ဗုံးနဲ့ပစ်တာ ဒရုန်းကို အသုံးပြုပြီး။ စခန်းမှူးအိမ်ပေါ်နဲ့ အိမ်ရှေ့ကို ကျပြီးပေါက်တာ။ ဒဏ်ရာရတဲ့ ရဲတွေတော့ရှိတယ်။ စခန်းမှူးတော့မထိဘူး ရေကစားမဏ္ဍပ်သွားနေလို့" လို့ ပြောပါတယ်။

ဗုံးနဲ့ပစ်ခတ်ခံရပြီးနောက် ရဲစခန်းမှ စစ်တပ်ကို ဖုန်းဆက်ခေါ် အကူအညီတောင်းခဲ့ရာ စစ်ကောင်စီတပ်တွေရောက်ရှိလာချိန် ဗုံးထပ်မံပေါက်ကွဲခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ရဲစခန်းထဲမှာပဲ စစ်တပ်က ရောက်လာတဲ့အချိန် ဗုံးထပ်ပေါက်သေးတယ်။ ရဲတွေပြောတာတော့ ဒရုန်းနဲ့ပစ်တုန်းက မပေါက်သေးတဲ့ ဗုံးပေါက်တယ်လို့ပြောတယ်" လို့ ပြောပါတယ်။

ပိန်းကန်ရဲစခန်းဗုံး နဲ့ ပစ်ခတ်ခံရတဲ့ ဖြစ်စဥ်မှာ ရဲတပ်သားနှစ်ဦး ဒဏ်ရာရပြီး စစ်ကောင်စီတပ်တွေက ကားနဲ့ဆေးရုံကို ခေါ်သွားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013