Home
မြန်မာသတင်း
ကလေးတောင်ပိုင်းတိုက်ပွဲတွင် ဗုံးမတော်တဆမှုကြောင့် PDF ၃ ဦးကျဆုံး
DVB
·
April 10, 2023
340462243_220059104039636_5614996460458376325_n

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းကျေးရွာရဲစခန်းကို ကလေး PDF နဲ့ ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် ဗုံးမတော်တဆပေါက်ကွဲခဲ့တာကြောင့် ဒေသခံ PDF တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ဧပြီ ၉ ရက် မနက်က ဒေသခံ PDF တပ်ဖွဲ့က ရန်သူကို ဗုံးသီးနဲ့ပစ်ဖို့ စနစ်တံဖြုတ်ရာမှာ ဗုံးသီးက လက်ထဲမ‌တော်တဆဖြစ်ပြီး ပေါက်ကွဲသွားတာလို့ ကလေး PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

"ကျနော်တို့ဘက်က စခန်းထဲအရောက် သူတို့ထောင်ထားတဲ့ မိုင်းတွေရှင်းလင်းအောင်လို့ လက်ပစ်ဗုံးနဲ့ ပစ်တာကနေ စနစ်တံဖြုတ်ရင်း မတော်ဆပေါက်ကွဲသွားတာ။ ကျနော်တို့ဘက်က ရင်း ၆ က ရဲဘော်တယောက်၊ ရင်း ၄ က တယောက်နဲ့ ပကဖ ကတယောက် ရဲဘော် ၃ ယောက်ကျပြီး ၁၀ ယောက်ကျော် ဒဏ်ရာရတယ်။"

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းသေဆုံးနိုင်တယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေက ခန့်မှန်းကြပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေလည်း အသုံးပြုခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့ ရဲဘော်တွေကတော့ NUG လက်အောက်ခံ ကလေးပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေကြပြီး လိုအပ်တဲ့သွေးတွေကို ဒေသခံတွေက လှူဒါန်းပေးနေကြတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024