DVB Logo
Home
မြန်မာသတင်း
ရွှေပေါက္ကံစက်မှုဇုန်တွင် မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ
DVB
·
April 10, 2023
ရွှေပေါက္ကံစက်မှုဇုန်တွင် မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ
Donate to DVB

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ စက်မှုဇုန် ၃၊ ကနောင် ၂ လမ်းနဲ့ ကနောင်မင်းသားကြီးလမ်းထောင့်ရှိ စက်ရုံတရုံမှာ ဧပြီ ၁၀ ရက် မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦးထိခိုက်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။

သရေပြားနဲ့ ပလတ်စတစ်ပြားထုတ်လုပ်တဲ့ ဆိုးပြားလုပ်ငန်းစက်ရုံမှာ ဒီမနက် အစောပိုင်း ၂ နာရီ ၅၃ မိနစ်လောက်က  စတင်လောင်ကျွမ်းခဲ့တာပါ။ 

ကယ်ဆယ်ရေးအသင်းတခုရဲ့ အသင်းဝင်တယောက်က "တွေ့ရသလောက် လောင်စာက အားကောင်းနေတော့ မီးသတ်ယာဉ်ချည်းပဲ အစီး ၂၀၊ ၃၀ လောက် ရှိတယ်။ လမ်းကလည်း တလမ်းသွားပုံစံဆိုတော့ ဝင်ရပြုရခက်တာလည်း ပါတယ်။ စက်ရုံပင်မရုံရဲ့ ဘေးက ကုန်ကြမ်းလှောင်တဲ့နေရာ လောင်တာလို့ သိရပါတယ်။ မီးလောင်တဲ့အဆောက်အအုံကတော့ တခြမ်းပြိုကျထားပါတယ်။ ၂ ဦး မစိုးရိမ်ရ ဒဏ်ရာ ရပါတယ် " လို့ပြောပါတယ်။   

မနက် ၃နာရီမှာ Level 1 ခေါ်ခဲ့ပေမဲ့ လောင်စာအားကောင်းနေတာကြောင့် မနက် ၃ နာရီ ၀၃ မိနစ်မှာ Level 2 အဆင့်မီးငြှိမ်းသတ်ခဲ့ရာမှာ မနက် ၃ နာရီ ၂၂ မိနစ်မှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပြီး မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးနဲ့ အရပ်ဘက် အဖွဲ့ဝင်တစ်ဦး မီးခိုးမွှန်ပြတ်ရှဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့တယ်လို့ သိရပါတယ်။

မီးလောင်တဲ့နေရာကို မြန်မာမီးသတ်ဌာနချုပ် မီးသတ်ယာဉ်၊ မြောက်ဥက္ကလာ၊ ရွှေပေါက္ကံ၊ ဝေဘာဂီတို့က မီးသတ်ယာဉ်တွေအပြင် တခြားမြို့နယ်က မီးသတ်ယာဉ်တွေနဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပါတယ်။ 

မီးလောင်မှုအကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013