DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနား ကျောက်မျက်စျေးတွင် ပယင်းထည်များအရောင်းအဝယ်အေး
DVB
·
April 9, 2023
မြစ်ကြီးနား ကျောက်မျက်စျေးတွင်  ပယင်းထည်များအရောင်းအဝယ်အေး
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကျောက်မျက်စျေးက ပယင်းထည်တွေဟာ သင်္ကြန်ရက်မတိုင်ခင် ခုရက်ပိုင်းအတွင်းမှာ ခါတိုင်းထက် အရောင်းအဝယ်အေးနေတယ်လို့ ပယင်း အရောင်းအဝယ်ဈေးကွက်ကနေ သိရပါတယ်။

ပယင်းထည်ရောင်းဝယ်သူ တဦးက “မနက် ၇ နာရီကျော် ကျောက်ကြမ်းဝိုင်းမှာလူစည်တယ်။ ပြီးရင်ဒီ ပယင်းတန်းမှာ ဆက်စည်တယ်။ နေ့လယ်ကျတော့ ပုံမှန်ပြန်ဖြစ်သွားပြီ။ ရောင်းရပါတယ်။ ဒီရက်ပိုင်းတော့ သင်္ကြန်နီးလာလို့လားပဲ။ အရောင်းအေးနေတယ်"လို့ ပြောပါတယ်။

ပယင်းဆိုင်တွေမှာ  ပယင်းအချောထည်တွေကို ဖုန်း ၂လုံးနဲ့  live လွှင့်ဝယ်ယူပေးသူ ရှိနေသလို ရောင်းချနေသူတွေလည်းရှိပါတယ်။ 

တရုတ်လူမျိုးဝယ်တော်တွေကတော့  live  လွှင့်ပြီး ဝယ်သူစိတ်ကြိုက်တွေ့ရင် စျေးနှုန်းရေးမှတ်ပြီး အိတ်ကလေးထဲ မရောအောင်သေချာ ထည့်သိမ်းဝယ်ယူပေးတာပါ။

ပယင်းထည်နဲ့ ကျောက်စိမ်းတွေကိုလည်း လာရောက်ရောင်းချသူတွေရှိကြတာမို့ ကျောက်မျက်စျေးအနီးက တည်းခိုခန်းတွေမှာ ဧည့်သည်မပြတ်ကြောင်းတည်းခိုခန်းမှာ လုပ်ကိုင်သူ တဦးက ပြောပါတယ်။

ပယင်းလက်ဝတ်အထည်ချောများ ပယင်းခေါင်းအုံး၊ ပယင်းမွေ့ယာထိုင်ခင်း၊ ခါးဝတ်၊ ခါးပတ် ဒူးပတ်၊ လည်ပတ်တွေ ပယင်းဆေးပစ္စည်းတွေအပြင် ကျောက်စိမ်းအချောထည်များနဲ့ ကျောက်စိမ်းဖြတ်သား လုံးစွပ်အကြမ်းတုံးငယ်တွေအပြင် စလင်းကျောက် မိုးကုတ်ကျောက်တွေ ကိုလည်း ရရှိနိုင်ပါတယ်။

ပုံမှန် တနင်္ဂနွေ ၁ ရက် စျေးပိတ်တာဖြစ်ပြီး အခါတွင်းမှာလည်း ကျောက်မျက်စျေး ပိတ်ထားမယ် လို့လည်း  သိရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013