DVB Logo
Home
မြန်မာသတင်း
အလုံလျှပ်စစ်ဓာတ်အားခွဲရုံ မီးလောင်
DVB
·
April 9, 2023
အလုံလျှပ်စစ်ဓာတ်အားခွဲရုံ  မီးလောင်
Donate to DVB

ရန်ကုန်၊ အလုံမြို့နယ်၊ စောရန်ပိုင်ရပ်ကွက်၊ ကြည့်မြင်တိုင်ကမ်းနားလမ်းရှိ အလုံဓာတ်အားခွဲရုံမှာ ဧပြီ ၈ ရက် ညနေပိုင်းက ရှော့ဖြစ်တာကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး Level 3 အဆင့်ငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

အလုံဓာတ်အားပေးရုံကနေ လျှပ်စစ်ဖြန့်ဖြူးနေချိန် မီးလောင်ခဲ့တာဖြစ်ပြီး ညနေ ၆ နာရီ ၃၅ မိနစ်မှာ မီးတောက်ကြီးလာတာကြောင့် level 1 ခေါ်ကာ အရေးပေါ် လျှပ်စစ်ဖြန့်ဖြူးမှု ရပ်နားခဲ့ရတယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးအသင်းတခုရဲ့ အဖွဲ့ဝင်က "လောင်တာက ဓာတ်အားခွဲစက် အထိုင်ချထားတဲ့ နေရာကနေ လောင်တာ။ အဓိက မီးများရတဲ့ အကြောင်းအရင်းက မီးပိုက်တွေ ပါသွားတာ။ ရောက်ရောက်ချင်း မြင်ရတဲ့မီးခိုးကတော့ တော်တော်များတာ။ ဓာတ်အားခွဲရုံနားမှာ မြောင်းကြီး ရှိတယ်။ အဲဒီ ရေထဲမှာတောင် ဆီတွေ ကျနေပြီးတော့ မြောင်းထဲမှာ လောင်နေတဲ့ အနေအထား မြင်ခဲ့တယ်"လို့ ဆိုပါတယ်။

ဓာတ်အားခွဲစက် ၂ လုံးမှ မီးကြိုးတွေ မီးကူးစက်လောင် ကျွမ်းမှုကြောင့် မီးတောက်ကြီးခဲ့တာလို့ သိရပြီး ဓာတ်အားခွဲစက် ၂ လုံး၊ အဆောက်အအုံတစ်ခု မီးကူးစက်ခဲ့တဲ့အပြင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၃ ဦး မီးခိုးမွှန်အသက်ရှုကြပ်တာကြောင့် ဆေးကုသမှု ခံယူ ခဲ့ရတယ်လို့ သိရပါတယ်။

ညနေ ၆ နရီ ၄၀ မှာ level 2 အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ပေမဲ့ မီး‌တောက်ကျန်နေတာကြောင့် ည ၇ နာရီမှာ level 3 အဆင့် နဲ့ ငြှိမ်းသတ်ခဲ့တာကြောင့်  ည ၇ နာရီ ၁၈ မိနစ်မှာ မီးငြိမ်းသွားပါတယ်။ 

ရန်ကုန်မှာ ၂၀၂၃ ခုနှစ် ဧပြီလအတွင်း  မီးလောင်မှု ၁၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ရှော့ဖြစ် မီးလောင်မှု ၃ ကြိမ်ထပ်မနည်း ရှိနေပြီလို့ မြန်မာမီးသတ်ဌာနမှတ်တမ်းအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013