DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံတွင် စစ်တပ်လက်နက်ကြီးကြောင့် ခရစ်ယာန်ဘုရားကျောင်းနှင့် နေအိမ် ၁၀ လုံးပျက်စီး
DVB
·
April 9, 2023
ဖယ်ခုံတွင် စစ်တပ်လက်နက်ကြီးကြောင့် ခရစ်ယာန်ဘုရားကျောင်းနှင့် နေအိမ် ၁၀ လုံးပျက်စီး
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းကကျေးရွာ ၁၅ ရွာနီးပါးကို ဖယ်ခုံ အခြေစိုက်  ခမရ − ၇ က  လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့  နေ့ရောညပါ ပစ်ခတ်နေတယ်လို့ ဖယ်ခုံ PDF တပ်ရင်း ၂ ထောက်ပို့အဖွဲ့ကနေ သိရပါတယ်။

ဧပြီ ၈ ရက်အထိ ၃ ရက်တာအတွင်း  ရွှေစန်း၊ ဒေါ်ပေါကူး၊ နောင်လိုင်၊ နန့်ဟူနဲ့ ဆောင်ဒူလန် ကျေးရွာစတဲ့ ကျေးရွာတွေကို ပစ်ခတ်ခဲ့တဲ့အတွက်  ဒေသခံနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့တဲ့ပါတယ်။

ဒါ့အပြင် ခရစ်ယာန်ဘုရားကျောင်း တကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ရသလို ဒေသခံပြည်သူတွေဟာ  တောင်ယာတွေထဲနဲ့ နီးစပ်တဲ့ ကျေးရွာတွေဆီကို နှစ်ညအိပ် သုံးညအိပ် ခေတ္တ ရှောင်တိမ်းနေကြရပါတယ်။

Pekhon PDF တပ်ရင်း ၂ ထောက်ပို့အဖွဲ့  တာဝန်ရှိသူ တဦး က “ကျေးရွာနာမည်အတိအကျတော့ ပြောလို့မရဘူး။ ရွာ ၁၅ ရွာလောက်ကို  နေ့ရောညပါ လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ကိုယ့်ရွာအပစ်ခံရရင် အနီးနားက ရွာတွေကို တစ်ည၊ နှစ်ညလောက် ဖြစ်ဖြစ် ရှောင်နေကြတယ်။ စစ်ရှောင်ရတာလဲ ခက်ခဲတယ်ဆိုတော့ ဒေသခံတွေက လချီ နှစ်ချီပြီး စစ်မရှောင်ချင်ကြဘူး” လို့ ပြောပါတယ်။

မတ် ၁၁ ရက်က ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းကို  စစ်ကောင်စီစစ်ကြောင်းကို ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဘက်က ၂၈ ဦး သေဆုံး၊ စစ်သုံပန်း ၆ ဦးနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို တာဝန်ရှိသူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013