မွန်ပြည်နယ် ဘီးလင်းမြို့၊ ကျောက်ရေးတွင်းကျေးရွာ၊ အမှတ် ၂၂ တာယာစက်ရုံနားမှာ ဧပြီ ၈ ရက် မနက် ၇ နာရီက ခရီးသည်ယာဉ် (Express) နဲ့ ဟိုက်ဂျက်ကား မျက်နှာချင်းဆိုင်တိုက်ပြီး အမျိုးသား ၁ ဦး သေဆုံး၊ ၃ ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြို့ခံပရဟိတ အသင်းဆီက သိရပါတယ်။
ရန်ကုန်-မော်လမြိုင်ပြေးဆွဲနေသော ယူနီဗာဆယ် (Express) ယာဉ်နဲ့ သထုံမြို့ ရွှေလှေကျေးရွာမှ ကုန်စိမ်းတင်ဆောင်လာသော ဟိုက်ဂျက်ကားတို့ မတော်တဆ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာလို့ ဘီးလင်းကယ်ဆယ်ရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။
"ဘယ်လိုပုံစံမျိုးနဲ့ တိုက်တာလည်းတော့မသိဘူး။ ဟိုက်ဂျက်ကားပေါ်က ယာဉ်မောင်းညှပ်ပြီး သေဆုံးတယ်။ အမျိုးသမီး ၃ ဦး ပြင်းထန်ဒဏ်ရာတွေရတယ်၊ ဆေးရုံပို့ထားပြီးပါပြီ။ Express ကားပေါ်က လူထိခိုက်မှုတော့မရှိပါဘူး။”
မတော်တဆယာဉ်တိုက်မှုကြောင့် ဟိုက်ဂျက်ယာဉ်ပေါ်မှ သေဆုံးယာဉ်မောင်းနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ဘီးလင်းဆေးရုံကြီးကို ဘီးလင်းမြို့ ကယ်ဆယ်ရေးအသင်းက ပို့ဆောင်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရ အမျိုးသမီးတဦးကိုလည်း သထုံဆေးရုံကြီးကို ပြောင်းလဲ ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။
Photo ဘီးလင်းမြို့ ကယ်ဆယ်ရေးအသင်း