DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းတွင် CDM ဝန်ထမ်းအပါအဝင် ၉ ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်
DVB
·
April 8, 2023
ဟုမ္မလင်းတွင် CDM ဝန်ထမ်းအပါအဝင်  ၉ ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်က အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေတဲ့ ဝန်ထမ်း ၁ ယောက်အပါအဝင် ပြည်သူ ၉ ယောက်ကို စစ်ကောင်စီ တရားရုံးက ဧပြီ ၇ ရက်မှာ ထောင်ဒဏ် ၁၃ နှစ်ကနေ ၃ နှစ်ထိ အသီးသီးချမှတ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒေသခံတဦးက “ကျနော်တို့ ဟုမ္မလင်းမြို့နယ်က နိုင်ငံရေးအကျဉ်းသား ၉ ဦးကို အမိန့်ချတယ်။ အဲ့ဒီအထဲမှာ ၁၃ နှစ် ချခံရတာက တယောက်၊ ၁၁ နှစ်နဲ့ ၆ လချခံရတာ တယောက်၊ ၁၀ နှစ် ချခံရတာ လေးယောက်၊ ၅ နှစ်ချခံရတာ နှစ်ယောက်၊ ၃ နှစ်ချခံရတာ တယောက် ဖြစ်ပါတယ်”လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ကျော်ကာလအတွင်း ဟုမ္မလင်းမြို့နယ်အတွင်းက NLD ပါတီဝန်းရံသူ၊ CDM ဝန်ထမ်းနဲ့ စစ်ဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ ကျောင်းသား၊ ပြည်သူ၊ ရဟန်းနဲ့ လူငယ်လူရွယ်တွေထဲက ၉ ဦးကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ၅၀၅ (က)၊ ၅၀ (ည) ပုဒ်မတွေနဲ့ အခုလို ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့တာပါ။

ဖမ်းဆီးထောင်ချခဲ့တဲ့သူတွေနဲ့ နီးစပ်သူတဦးက “စိုင်းဝေယံ  ၁၃ နှစ်၊ ကျော်ဝင်းစိန် ၁၁ နှစ်ခွဲ၊ အမေ့အိမ်က သက်ထွန်းဦး၊ ပင်လုံသစ်စက်က အောက်ဟိန်၊ အောင်ကိုမင်း၊ ဒေါ်နွဲ့နွဲ့အောင် အဲ့ဒီ လေးဦးက ၁၀ နှစ်စီ၊ နတ်နန်းက နေနော်နဲ့ ဖြိုးသက်တင်က ၅ နှစ်စီပြီးတော့ အောင်မြင့်ဦးက ၃ နှစ်ချခံရတယ်။ ဒေါ်နွဲ့နွဲ့အောင်က CDM ပါ။ သူတို့ကို ဟုမ္မလင်း ၂၂၂ တပ်ရင်းမှာ စစ်ကြောတယ်၊ ပြီးတော့ မြို့မရဲစခန်းကို ပြန်လာပို့ပြီး တရားစွဲဆိုအ မိန့်ချတာပါ” လို့ ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်မှာ အခုလက်ရှိ ထောင်ချခံရတဲ့ ၉ ယောက်အပြင် တခြားသော ဖမ်းဆီး ခံရတဲ့ သူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

စစ်တပ်က အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီက သတ်ဖြတ်လို့ သေဆုံးတဲ့ အရပ်သားပြည် သူ ၃၂၂၅ ဦးထိရှိကာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၁၂၇၆ ထိရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ဧပြီ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013