DVB Logo
Home
မြန်မာသတင်း
PDF တပ်ရင်းများထောက်ပံ့စရိတ် ကန်ဒေါ်လာ ၇ ဒသမ ၈ သန်း NUG သုံးစွဲ
DVB
·
April 8, 2023
PDF တပ်ရင်းများထောက်ပံ့စရိတ် ကန်ဒေါ်လာ ၇ ဒသမ ၈ သန်း NUG သုံးစွဲ
Donate to DVB

တနှစ်ကျော်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ တပ်ရင်းတွေ ထောက်ပံ့စရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ သန်း အသုံးပြုခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကိုတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ဒေသကာကွယ်ရေးအဖွဲ့ (LDF) တွေနဲ့ စစ်လက်နက်ထုတ်လုပ်ရေး လုပ်ငန်းတွေဆီ တိုက်ရိုက်ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဥ်နဲ့ ပတ်သက်ပြီး ဘဏ္ဍာရေးဆိုင်ရာ ကိန်းဂဏန်းတွေကို ထောက်ပို့တပ်သားတွေနဲ့ ပြည်သူလူထု သိရှိစေဖို့ ရှင်းလင်းတင်ပြတဲ့အနေနဲ့ ထုတ်ပြန်တာလို့ဆိုပါတယ်။

 PRF- ပြည် သူ့တော်လှန်ရေးထောက်ပို့ မိသားစု အစီအစဥ်စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်အထိ ၁၅ လတာကာလအတွင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၂ သန်း လက်ခံရရှိ အသုံးပြုခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတွေရဲ့ တပ်ရင်းထောက်ပံ့စားရိတ်အတွက် ၇၄ ဒသမ ၈၆ ရာခိုင်နှုန်းအထိ ထောက်ပံ့ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ သိရပြီး NUG အစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးဌာနရဲ့ ဘဏ္ဍာငွေရှာဖွေရေး အစီအစဥ်တခုဖြစ်တဲ့ PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဥ် စတင်ချိန်ကနေ ခုချိန်တိုင် လစဥ်မပြတ် ထည့်ဝင်ပေးခဲ့တဲ့ ထောက်ပို့မိသားစုဝင်တွေ၊ နိုင်ငံအလိုက် Fundraiser တွေနဲ့ OFP အဖွဲ့ဝင်တွေကို အထူးကျေးဇူးတင်ရှိ အသိအမှတ်ပြုကြောင်းလည်း ဖော်ပြထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်းပေါင်း ၃၀၀ ကျော် ဖွဲ့စည်းထားနိုင်ခဲ့ပြီးဖြစ်တယ်လို့ ပြည်သူ့ခုခံတော်လှန်စစ် ၁ နှစ်ပြည့်တုန်းက ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားတဲ့ မိန့်ခွန်းမှာ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013