DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင် ခလရ ၂၆၃ တပ်ရင်းက တပ်သားလင်မယား ထွက်ပြေး
DVB
·
April 7, 2023
ဘူးသီးတောင် ခလရ ၂၆၃ တပ်ရင်းက တပ်သားလင်မယား ထွက်ပြေး
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက် စကခ ၁၅ လက်အောက်ခံ၊ ခလရ ၂၆၃ တပ်ရင်းကနေ ထွက်ပြေးသွားတဲ့ တပ်သားလင်မယားကို ဧပြီ ၆ ရက် နေ့လယ်ပိုင်းက မောင်တောမြို့ ၃ မိုင်သာစည်ကျေးရွာမှာ စစ်ကားတွေနဲ့ ဝိုင်းဝန်းပိတ်ဆို့ ရှာဖွေခဲ့ကြောင်း ရွာသားတွေက ပြောပါတယ်။

ထွက်ပြေးသွားကြတဲ့ တပ်သားလင်မယားဟာ ဘူးသီးတောင်အခြေစိုက် စကခ ၁၅ လက်အောက်ခံ၊ ခလရ ၂၆၃ တပ်ရင်းကဖြစ်ပြီး လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက ထွက်ပြေးသွားကြတာဖြစ်ပြီး အဲဒီလင်မယား ရောက်ရှိနိုင်တဲ့ ကျေးရွာတွေကို ပိတ်ဆို့ရှာဖွေနေကြတာလည်း ဖြစ်ပါတယ်။

၃ မိုင်သာစည်ကျေးရွာသားတဦးက “မနေ့က နေ့လယ်ပိုင်းမှာ လူအပြည့်နဲ့ စစ်ကားအစီး ၁၀ လောက်ပါတယ်။ နယ်ခြားစောင့်ကားက ၅ စီး လူအပြည့်နဲ့ ကျနော်တို့ ၃ မိုင်သာစည်ရွာကို ဝိုင်းထားတယ်။ နောက် အဖွဲ့ပေါင်းစုံက အရာရှိတွေ ရွာထဲလမ်းတိုင်းကို ပတ်ကြည့်တယ်။ အိမ်တွေကိုတော့ တက်ရှာတာမရှိဘူး။ ခလရ ၂၆၃ က ထွက်ပြေးသွားတဲ့ တပ်သားလင်မယားကို လာရှာတာလို့ ပြောတယ်” လို့ ပြောပါတယ်။

ရခိုင်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အလွတ်သဘော အပစ်အခတ် ရပ်စဲထားကြပေမဲ့ စစ်ကောင်စီတပ်အတွင်း ယုံကြည်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာနေသလို အထက်အရာရှိတွေရဲ့ ဖိနှိပ်မှုတွေကြောင့် တပ်ပြေးတွေ တနေ့ထက်တနေ့ များပြားလာနေကြောင်း ရခိုင်စစ်ရေးနှင့် နိုင်ငံရေး လေ့လာသူတွေက ထောက်ပြ ပြောဆိုပါတယ်။

ဇန်နဝါရီ ၁၆ ရက် ညက မြောက်ဦး ၅၄၀ တပ်ရင်းက တပ်သား ၃ ဦး လက်နက်တွေနဲ့ ထွက်​ပြေးခဲ့ကြ​​ပြီး မတ်လ ၆ ရက် မနက်ပိုင်းကလည်း မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ ၉ မှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်လေးဦး လက်နက်တွေနဲ့အတူ ထွက်ပြေးခဲ့ကြပါသေးတယ်။

ရက္ခိုင့်တပ်တော် (အေအေ) ပြောခွင့်ရ ခိုင်သုခကတော့ ပဥ္စမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီတပ်သား အရေအတွက် ရာနဲ့ချီပြီး အေအေဘက်ကို ခိုလှုံလာနေတာရှိကြောင်း ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013