DVB Logo
Home
မြန်မာသတင်း
ထားဝယ်တွင် မူးယစ်ဆေးဝါးရောင်းသူနှင့် သုံးစွဲသူ ၂ ဦးကို PDF ပူးပေါင်းအဖွဲ့ ဖမ်းဆီး
DVB
·
April 7, 2023
ထားဝယ်တွင် မူးယစ်ဆေးဝါးရောင်းသူနှင့် သုံးစွဲသူ ၂ ဦးကို PDF ပူးပေါင်းအဖွဲ့ ဖမ်းဆီး
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်-ထီးခီးလမ်းပိုင်း တနေရာမှာ မူးယစ်ဆေးဝါးရောင်းချသူ ၁ ဦးနဲ့ သုံးစွဲသူ ၂ ဦးတို့ကို ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ DDT-ထားဝယ် ပကဖက ဧပြီ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၅ ရက် မနက် ၁၁ နာရီလောက်က ထားဝယ်-ထီးခီးလမ်းပိုင်းတနေရာမှာ သွားလာနေစဥ် မူးယစ်ဆေးဝါးသုံးစွဲသူ ၂ ဦးကို မသင်္ကာလို့ စစ်ဆေးခဲ့ရာက မူးယစ်ဆေးဝါး ၁၀ လုံးကျော် တွေ့ရှိခဲ့တဲ့အပြင် ရောင်းချသူကိုလည်း ထောင်ချောက်ဆင်ဖမ်းခဲ့တာကြောင့် အလုံး ၁၀၀ ကျော် ဖမ်းဆီးရမိကာ စုစုပေါင်း WY တံဆိပ်ပါ စိတ်ကြွဆေးပြား ၁၉၀ လုံးနဲ့ အိုက်စ်မူးယစ်ဆေး အပါအဝင် ငွေကျပ် ၇၄,၀၀၀ ဖမ်းဆီးရမိခဲ့တယ်လို့ Dawei Defense Team-DDT မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဖမ်းဖို့က ဘာသတင်းမှလည်းမရဘူး။ ကျနော်တို့က လမ်းပိုင်းကို စစ်ဆေးဖို့သွားတာလည်း မဟုတ်ဘူး။ လမ်းပိုင်းမှာ ဖြတ်သွားရင်းနဲ့ မသင်္ကာလို့ စစ်ဆေးရင်းနဲ့ တွေ့တာ။ စစဖမ်းတာက သုံးစွဲသူနှစ်​ယောက်ပဲ မိတယ်။ ရောင်းချသူကိုတော့ ထောင်ချောက်ဆင်ပြီး ဖမ်းလိုက်တာ။ သုံးစွဲတဲ့သူနှစ်ယောက်မှာက WY ၁၀ လုံးကျော်နဲ့ ရေခဲနဲ့ ဖမ်းမိတာ။ ဒိုင်မှာက ၁၀၀ ကျော်လောက်မိတာ။”

အခုလို ဖမ်းဆီးမှုကို Eastern Defense Force - EDF၊ Dawei Defense Team - DDT (ထားဝယ် ပ.က.ဖ) နဲ့ ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းရှာဖွေ ဖမ်းဆီးနိုင်ခဲ့တဲ့အ​ပြင် မူးယစ်ဆေးသုံးစွဲသူ ၂ ဦးနဲ့ ရောင်းသူ ၁ ဦးကိုတော့ စစ်တပ်အလိုကျ ရောင်းဝယ်ဖောက်ကားတာတွေ မလုပ်ဖို့ သတိပေးထားပြီး နောက်ထပ်မပြုလုပ်ဖို့ ခံဝန်ကတိထိုးခိုင်းကာ ဧပြီ ၆ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး တရားမဝင်ငွေတွေကိုလည်း စစ်အာဏာရှင်တော်လှန်ရေးအတွက် အသုံးပြုသွားမယ်လို့ ​ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013