Home
မြန်မာသတင်း
သာပေါင်းတွင် တောဆင်ရိုင်းများဖျက်ဆီးမှုကြောင့် နေအိမ်များပျက်စီး၊ လူ ၁ ဦး ဆင်ရိုင်းနင်းခံရပြီး သေဆုံး
DVB
·
April 7, 2023
340236552_198662312903193_587809203606292184_n

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ ဧပြီလအတွင်း တောဆင်ရိုင်း ဖျက်ဆီးမှုကြောင့် နေအိမ်တွေ ပျက်စီးပြီး အမျိုးသားတဦး တောဆင်းရိုင်းနင်းခံရလို့ သေဆုံးခဲ့တယ်လို့ သစ်တောဌာနနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

သာပေါင်းမြို့နယ်၊ ကွင်းကောက်ကျေးရွာအုပ်စု၊ ကွမ်းခြံကျေးရွာနဲ့ ရွှေဇံအိုးကျေးရွာ အုပ်စု၊ ကြက်ပေါင်စမ်းကျေးရွာမှာ တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီးခဲ့တဲ့အတွက် လူနေအိမ် အဆောက်အအုံတွေ ပျက်စီးခဲ့သွားပါတယ်။ 

ဒါ့အပြင် လှေကြီးတက်ကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာမှာ ဧပြီ ၁ ရက်က ရွာသား ဦးကြည်လွင်ဟာ ရှောက်ချောင်း(ဒေသအခေါ်)အတွင်း ရေသွားချိုးချိန်မှာ တောဆင်ရိုင်းတွေနဲ့ တွေ့ပြီး လိုက်လံ နင်းချေ သတ်ဖြတ်ခံခဲ့ရတာပါ။

သစ်တောဌာနနဲ့ နီးစပ်သူ အမျိုးသားတဦးက “သာပေါင်းမြို့နယ်ထဲမှာပဲ  ဧပြီလအတွင်း တောဆင်ရိုင်းက ကျေးရွာတွေထဲ ဝင်ရောက် ဖျက်ဆီးတာတွေ သုံးကြိမ်ရှိပြီ။ နှစ်ကြိမ်က လူနေအိမ်ကို ဖျက်ဆီးသွားတယ်။ တစ်ကြိမ်က တောဆင်းရိုင်းနင်းလို့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။ ဒီတစ်ပတ်အတွင်းမှာကို ဖြစ်သွားတာပါ”လို့  ပြောပါတယ်။

သာပေါင်းမြို့နယ် ကွမ်းခြံကုန်းကျေးရွာမှာ ဧပြီ ၂ ရက်က တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီးခဲ့လို့ ဦးသန်းကြည်ရဲ့နေအိမ် ပျက်စီးခဲ့ပြီး ဧပြီ ၆ ရက်ကလည်း ကြက်ပေါင်စမ်းကျေးရွာမှာ  တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီးလို့ ဦးမြင့်ထွေးရဲ့  နေအိမ်တစ်လုံး ပျက်စီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024