DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်နယ်ထဲက စစ်ဘေးရှောင် ၂ သိန်းဝန်းကျင်အတွက် အကူညီလိုအပ်နေ
DVB
·
April 6, 2023
ကရင်နီပြည်နယ်ထဲက စစ်ဘေးရှောင် ၂ သိန်းဝန်းကျင်အတွက် အကူညီလိုအပ်နေ
1 / 3
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူဆို၊ ရှားတော စတဲ့မြို့နယ်တွေက စစ်ဘေးရှောင် ပြည်သူ ၂ သိန်း ဝန်းကျင်အတွက် နေထိုင်ဖို့ ယာယီတဲတွေအပြင် စားနပ်ရိက္ခာနဲ့ အသုံးဆောင်ပစ္စည်း ဆေးဝါးတွေ လိုအပ်နေတယ်လို့  ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) ကပြောပါတယ်။ 

ယာယီတဲတွေတည်ဆောက်နိုင်ဖို့ တာလပတ်၊ မိုးကာနဲ့ ဝါးတွေကအစလိုအပ်နေသလို အရေးပေါ်ပြေးရတဲ့ စစ်ဘေးရှောင်တွေအတွက်လည်း ကားတွေငှားပြီးသယ်ယူပို့ဆောင်ကာ သက်ဆိုင်ရာ ဒေသခံအဖွဲ့အစည်း တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး နေရာချထားရေး ကိစ္စရပ်တွေကိုပါ ဆောင်ရွက်ပေးနေရတယ်လို့ KHAI အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ 

“ဘာမှမပါပဲ အရေးပေါ်ပြေးလာရတဲ့သူတွေအတွက် နေရာထိုင်ခင်း၊ အမိုးအကာ၊ အဝတ်အစား၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေက အစလိုအပ်နေပါတယ်။ ကျနော်တို့ဆီကိုလာရောက်လှူဒါန်းထားတဲ့ စားနပ်ရိက္ခာတွေကို တဆင့် ပြန်လည်ကူညီလှူဒါန်းပေးပါတယ်။ အခုထိလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။”

KHAI အဖွဲ့အနေနဲ့ ဒီးမော့ဆိုအနောက်ဘက်မှာ ဆေးခန်းတစ်ခု ဖွင့်လှစ်ထားပြီး လွိုင်ကော် အရှေ့ဘက်ခြမ်းမှာလည်း ဆေးခန်းတစ်ခုဖွင့်ထားသလို နယ်လှည့်ဆေးကုသမှုအစီအစဥ်တွေ လုပ်ဆောင်ပေးနေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ 

စစ်ဘေးရှောင်တွေအတွက် ကူညီပေးတဲ့အဖွဲ့အစည်းတွေအများကြီး ရှိနေပေမဲ့ လုံလောက်တယ် ဆိုတာမျိုးမရှိပဲ လိုအပ်ချက်တွေ ကတော့ရှိနေဆဲဖြစ်တာကြောင့် ပြည်သူတွေ အနေနဲ့လည်း စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီ ပေးဖို့ကိုလည်း KHAI က မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာ ၂၀၂၃ ခုနှစ် မတ်လအတွင်း စစ်ကောင်စီတပ်နဲ့ KA ၊ KNDF ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပေါင်း ၁၀၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူနေအိမ် ၂၂၈ လုံး ဘာသာရေးအဆောက်အဦး ၂ ခုနဲ့ စာသင်ကျောင်း ၃ ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့  KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013