DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ် မီးဘေးသင့် စစ်ဘေးရှောင်များအတွက် ရန်ပုံငွေရှာ ကမ်ပိန်းပြုလုပ်
DVB
·
April 6, 2023
ပေါက်မြို့နယ် မီးဘေးသင့် စစ်ဘေးရှောင်များအတွက် ရန်ပုံငွေရှာ ကမ်ပိန်းပြုလုပ်
1 / 3
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး စစ်ဘေးရှောင် မီးဘေးသင့်ပြည်သူတွေအတွက် “စာနာသနား စစ်ရှောင်များသို့” အစီအစဉ်နဲ့  ကံစမ်းမဲ့ ကမ်ပိန်း လုပ်နေတယ်လို့ Rocket Fighter လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

ပေါက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့လို့ မီးလောင်ကျွမ်းခဲ့တဲ့ အိမ်ခြေအရေအတွက်က ၇၆၀၀ လောက်ရှိပြီး မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူ အရေအတွက်က ၁၅၀၀ လောက်ရှိနေတယ်လို့ Rocket Fighter လက်နက်ထုတ်လုပ်ရေးနပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်လပြည့်က ပြောပါတယ်။

အဲဒီစစ်ဘေးရှောင် မီးဘေးသင့် ပြည်သူတွေအတွက် ရန်ပုံငွေရရှိအောင် Rocket Fighterတပ်ဖွဲ့ ပခုက္ကူခရိုင် တပ်ရင်း(၄)တပ်ခွဲ(၁)CAF-SPUPDF၊ ပခုက္ကူခရိုင် အမှတ်(၁၈)တပ်ရင်း၊ ထိုင်းအခြေစိုက် သွေးမအေးတဲ့ ဒေါင်မလေးအဖွဲ့တို့က တဖွဲ့ကို ၅ သိန်းကျပ်စီ စုဆောင်းပြီး ရွှေထည်ပစ္စည်းတွေဝယ်ယူကာ ကံစမ်းမဲကမ်ပိန်း ပြုလုပ်ပေးကြတာလို့ ဆိုပါတယ်။

ဆုမဲတွေကတော့ ၅ သိန်းကျပ်တန် ရွေဆွဲကြိုး ၂ ကုံး၊ ဟန်းချိန်း ၁ခု၊ နားကပ် တရံဖြစ်ပြီး ကံစမ်းမဲ လက်မှတ်တစောင်ကို ၁၀၀၀၀ ကျပ်နှုန်းနဲ့ရောင်းချကာ အစောင်ရေ ၁၀၀၀ ရောင်းချပေးဖို့ လျာထားကာ  ဧပြီလ ၁၆ ရက်နေ့မှာ ဖွင့်လှစ်ပေးမယ်လို့ ဗိုလ်လပြည့်က ပြောပါတယ်။

အဲဒီကမ်ပိန်းကနေ ရရှိခဲ့တဲ့ ရန်ပုံငွေတွေအားလုံးကိုတော့ ပေါက်မြို့နယ်အတွင်းမှာရှိတဲ့ မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူတွေကိုထောက်ပံ့ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ပြည်တွင်းပြည်ပမှာရှိတဲ့ မိဘပြည်သူတွေအနေနဲ့ ဒီကမ်ပိန်းမှာ ပါဝင်ကူညီပေးကြဖို့နဲ့ ရပ်ဝေးကနေ မဲပေါက်ခဲ့တဲ့ သူတွေကိုလည်း ပစ္စည်းတန်ဖိုးအတိုင် ငွေလွှဲပြောင်းပေးသွားမယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ မကွေးတိုင်းအတွင်းက ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်ထိုး မီးရှို့ဖျက်ဆီးခဲ့လို အိမ်ခြေပေါင်း ၉၀၁၉ လုံးမီးလောင်ဆုံးရှုံးခဲ့ကာ တနိုင်ငံလုံးအတိုင်းတာနဲ့ အိမ်ခြေပေါင်း ၆၀၄၅၉ အိမ်ကို မီးရှို့ဖျက်ဆီးခံရတယ်လို့  Data For Myanmar က မတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013