DVB Logo
Home
မြန်မာသတင်း
စစ်တပ်မီးရှို့ခံရသည့် ဒီပဲယင်းဒေသခံများနှင့် တနင်္သာရီတိုင်းက စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ
DVB
·
April 5, 2023
စစ်တပ်မီးရှို့ခံရသည့် ဒီပဲယင်းဒေသခံများနှင့် တနင်္သာရီတိုင်းက စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၃ ရွာက စစ်တပ်မီးရှို့ခံရတဲ့ စစ်ဘေးသင့် အိမ်ထောင်စုပေါင်း ၁၅၇ စုအတွက် S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဧပြီ ၃ ရက်မှာ ပြည်တွင်း ပြည်ပ စုပေါင်းကူညီမှုနဲ့ ဆန်၊ ဆီ ဆားတွေ လှူဒါန်းခဲ့ပါတယ်။

S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး တာဝန်ခံ ကိုစိုးမိုးအောင်က “မီးဘေး စစ်ဘေးသင့် ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ဆေးဝါးပစ္စည်းတွေနဲ့ ကလေးတွေ အတွက်လည်း ပညာရေးအထောက်အကူပစ္စည်းတွေ လိုအပ်နေတုန်းပဲ။ ပြီးတော့ အဓိက လိုအပ်တဲ့ ရေတွင်းရေကန်တွေအတွက်လည်း ကျနော် တတ်နိုင်သလောက် စတင် လုပ်ဆောင်နေပါပြီ။ ဒီလထဲမှာပဲ ရေတွင်းတွေရယ်၊ ကျောင်းဆောင်တွေတချို့ ဖွင့်ဖို့ရှိတယ်။ ဒါပေမဲ့ ကျောင်းကတော့ မဖွင့်နိုင်သေးဘူး။ ဒီလထဲမှာလည်း အိမ်ထောင်စု ၅,၀၀၀ အတွက် ဆန် ဆီ ဆား ဝေမျှနိုင်အောင် လုပ်ဖို့ ပြင်ဆင်ထားတယ်” လို့ ပြောပါတယ်။

S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဒီနေ့အချိန်ထိ စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ မြို့နယ် ၅ မြို့နယ်နဲ့ ကျေးရွာ ၂၁ ရွာက အိမ်​ထောင်စုပေါင်း ၅၀၇ စုအတွက် စားနပ်ရိက္ခာတွေ ပေးအပ်လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ တလတာအတွင်း NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက စာရင်းပြုစု ထုတ်ပြန်ချက်အရ တိုင်းနဲ့ပြည်နယ်အနှံ့ မီးရှို့ဖျက်ဆီးခံရမှုတွေမှာ စစ်ကိုင်းတိုင်းက အကြိမ်ရေ ၅၀ နဲ့ အများဆုံးဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပျက်စီးခဲ့ရတဲ့ နေအိမ်ပေါင်း ၃,၁၀၇ လုံးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာလည်း မြိတ်-မောတောင်လမ်းတလျှောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့  တိုက်ပွဲတွေကြောင့် ကျေးရွာတချို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တနင်္သာရီမြို့နယ်ထဲရှိ ရေဖြူ၊ ထုံခါ၊ သဲဖြူနဲ့ သိန်ခွန်းရွာတို့က ဒေသခံပြည်သူ ၅,၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကူညီပေးသူတွေထံက သိရပါတယ်။

“အစက ကြိမ်ချောင်းရွာထဲမှာ နေကြပေမဲ့ လက်ရှိမှာတော့ ရွာခံတွေရော၊ IDP တွေက စစ်ရှောင်တွေပါ နေရာရွှေ့ကုန်ကြပြီ။ အရန်ရိက္ခာထဲက ထုတ်ပေးလိုက်တာ ပြန်ဖြည့်ဖို့ လိုနေတာ။ လက်ရှိအနေအထားအရ IDP တွေ အိမ်ပြန်ဖို့မရှိသေးတော့ ရိက္ခာထပ်ပေးရမယ့် အနေအထားမို့ ရိက္ခာပဲ အရေးတကြီး လိုအပ်နေတယ်” လို့ ကူညီပေးသူတွေက ပြောပါတယ်။

ဒေသခံအမျိုးသားတဦးက “စစ်ရေးအရှိန် ပိုမြင့်လာဖို့ ခန့်မှန်းထားကြတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ အရေးပေါ်လိုအပ်တာက စားနပ်ရိက္ခာပါ” လို့  ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်း မြိတ်-မောတောင်လမ်းပိုင်းတလျှောက်မှာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်ကနေ ဧပြီ ၃ ရက်နေ့အထိ စစ်‌ေကာင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013