
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အပါချီ ရဟတ်ယာဉ်တစင်း ဟော်မုဇ်မှာ ပစ်ချခံရတယ်လို့ ပြောခဲ့ပြီးနောက် အီရန်ကို တိုက်ခိုက်မှုသစ်တွေ ပြုလုပ်ခဲ့ပါတယ်။
ဒီလို အပြန်အလှန် တိုက်ခိုက်မှုတွေကြာင့် ၂ နိုင်ငံကြား ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ သံသယ ပိုများလာတဲ့အကြောင်း ရိုက်တာက ဖော်ပြပါတယ်။
“ဒီစစ်ဆင်ရေးဟာ အီရန်ရဲ့ မတရားတဲ့ တိုက်ခိုက်မှုကို ပြန်ပြီး တုံ့ပြန်တာ ဖြစ်ပါတယ်” လို့ အမေရိကန် စစ်တပ်က ဆိုရှယ်မီဒီယာ X မှာ ဖော်ပြပါတယ်။
ထရမ့်ပ်ရဲ့ အစောပိုင်း ပြောကြားချက်မှာ လေယာဉ်မှူးတွေ ဒဏ်ရာရတာမျိုး မရှိဘူးလို့ ပါဝင်ပေမဲ့ အမေရိကန်က တုံ့ပြန်တိုက်ခိုက်သွားမှာပါ။
အပါချီဟာ အီရန်ရဲ့ အသေခံဒရုန်းကြောင့် ပျက်ကျခဲ့တာလို့ အမည်မဖော်တဲ့ အမေရိကန်အရာရှိ တယောက်က ပြောပါတယ်။
အီရန်မီဒီယာကတော့ အီရန်ဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လေကြောင်းတိုက်ခိုက်မှု မလုပ်ခဲ့ဘူးလို့ ဖော်ပြပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက ဒီအဖြစ်အပျက်ကို တိုက်ရိုက်ပြောဆိုတာ မဟုတ်ပေမဲ့ ပြည်ပတပ်ဖွဲ့ တွေဟာ မတော်တဆမှုတွေနဲ့ ကြားညပ်နိုင်ကြောင်း ပြောဆိုထားပါတယ်။
ရဟတ်ယာဉ် မတော်တဆမှုကို ရန်လိုတဲ့တုံ့ပြန်မှု လုပ်လာမယ်ဆိုရင် ပြတ်ပြတ်သားသား တုံ့ပြန် သွားမယ်လို့လည်း အဲဒီသတင်းတွေကို ကိုးကားပြီး ဖော်ပြပါတယ်။
အင်္ဂါနေ့က The Wall Street Journal နဲ့ ဖုန်းပြောခဲ့မှုမှာ ထရမ့်ပ်က ရဟတ်ယာဉ် ပျက်ကျမှုက ကြီးမားတဲ့ကိစ္စ မဟုတ်ကြောင်းနဲ့ လေယာဉ်မှူးတွေ ဘေးကင်းကြောင်း ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဒီအဖြစ်အပျက်က အရှေ့အလယ်ပိုင်းမှာ စစ်မီးကျယ်ပြန့်မှုနဲ့ ဟော်မုဇ်ပြန်ဖွင့်ရေးတို့ကို ကျိုးပျက်စေမဲ့ တင်းမာမှုတွေ ဆက်ပြီး ဖြစ်စေနိုင်ပါတယ်။
Source: Reuters











