
နယူးယော့ခ်မြိုတော်ဝန် ဇိုရန်းန်မမ်ဒါနီဟာ MetLife ကွင်းမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲကို ဇိမ်ခံခန်း ကနေ အခမဲ့ ကြည့်ရှုခဲ့တာကြောင့် ပြည်သူတွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
မြို့တော်ဝန်ဟာ နယူးယော့ခ်ပြည်သူတွေအတွက် ကမ္ဘာ့ဖလားလက်မှတ် မဲဖောက်ပေးခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ သူကိုယ်တိုင်ကတော့ ဘရာဇီးနဲ့ မော်ရိုကိုပွဲကို အခမဲ့ ကြည့်ခဲ့တာပါ။ ဒီကိစ္စကြောင့် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။
ပရိသတ်တွေအတွက် ပွဲလက်မှတ်တွေဟာ ဒေါ်လာထောင်နဲ့ချီကုန်ကျခဲ့တာပါ။ မြို့တော်ဝန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒိုရာပေးကစ်ချ်ကတော့ မြို့တော်ဝန်ဟာ အိမ်ရှင်မြို့ရဲ့ အမှုဆောင်အရာရှိချုပ် အနေနဲ့ တရားဝင်တာဝန်အရ ပွဲတက်ရောက်ခဲ့တာလို့ ပြောပါတယ်။
သူ့ဇနီး ရာမာဒူဝါဂျီကတော့ ကိုယ်ပိုင်လက်မှတ်ဖိုးပေးခဲ့ရတာ ဖြစ်ပါတယ်။ လူမှုကွန်ရက် အသုံးပြုသူတွေကတော့ ဆိုရှယ်လစ်တယောက်အနေနဲ့ ဒီလိုဈေးကြီးတဲ့ပွဲကို အခမဲ့ကြည့်တာ မသင့်တော်ဘူးလို ဝေဖန်နေကြပါတယ်။










