DVB Logo
Home
မြန်မာသတင်း
တိုင်းနှင့်ပြည်နယ် ၄ ခုတွင် တလအတွင်း တိုက်ပွဲ ၄၀၀ ကျော်ဖြစ်၊ စစ်ကောင်စီဘက်က ၆၅၀ ခန့်သေဆုံး
DVB
·
April 4, 2023
တိုင်းနှင့်ပြည်နယ် ၄ ခုတွင် တလအတွင်း တိုက်ပွဲ ၄၀၀ ကျော်ဖြစ်၊ စစ်ကောင်စီဘက်က ၆၅၀ ခန့်သေဆုံး
Donate to DVB

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ထိတွေ့ တိုက်ပွဲပေါင်း ၄၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆၄၉ ယောက် သေဆုံးပြီး ၇၅၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၄ ရက်ဒီကနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါ တိုက်ပွဲတွေကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်က PDF၊ ပကဖနဲ့ EROs ပူးပေါင်းအဖွဲ့တွေက ပူးပေါင်း ဆင်နွှဲခဲ့တာဖြစ်ကာ တိုက်ပွဲ တွေအတွင်း ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ၃၃ ယောက် ကျဆုံးခဲ့ပြီး ၉၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေထဲမှာ ဒရုန်းနဲ့တိုက်ခိုက်မှု ၂၇ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၇၃ ကြိမ်၊ ရန်သူ့လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်၊ ထိတွေ့တိုက်ပွဲ ၁၆၂ ကြိမ်နဲ့ ပစ်ခတ်တိုက်ခိုက်မှု ၁၄၆  ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဆီကနေ ဖေဖော်ဝါရီလထဲမှာ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းအမျိုးစုံ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီးတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

နိုင်ငံအနှံ့အပြားရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် လက်နက်တပ်ဆင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို ဆက်သွယ်မေးမြန်းရာမှာ ဒီဗွီဘီကို ပြောပါတယ်။

"လက်နက်တပ်ဆင်နိုင်ရေးအတွက် ကြိုးစားစီစဥ်ဆောင်ရွက်နေတယ်လို့ ပြောလို့ရပါတယ်။ အရင်ကလည်းလုပ်တယ်၊ အခုလည်းလုပ်တယ်၊ နောင်လည်း လုပ်ဆောင်သွားမှာဖြစ်တယ်။ လက်နက်တပ်ဆင်ရေးကိစ္စကို ပြောရမယ်ဆိုရင် ကျနော်တို့ ဒီကိစ္စက သူ့ချည်း သက်သက် ဆောင်ရွက်လို့မရဘူးလို့နားလည်ထားပါတယ်။ လက်နက်တပ်ဆင်နိုင်ဖို့ဆိုရင် အလုပ်လေးခုကို ဆက်စပ်ပြီးတော့မှတပြိုင်တည်း ဆောင်ရွက်ရတဲ့သဘောရှိပါတယ်။ နံပတ် ၁ မွမ်းမံလေ့ကျင့်မှု ထပ်ပြီးလုပ်ရတယ်၊ နံပတ် ၂ စနစ်ကျတဲ့ကွပ်ကဲမှု၊ နံပတ် ၃ လက်နက်တပ်ဆင်ပေးရတယ်၊ နံပတ် ၄ အနေနဲ့ကတော့ တပ်ဆင်ပြီးလက်နက်အတွက် ပုံမှန်ခဲယမ်း မီးကျောက် ဖြည့်တင်းဖို့ ထောက်ပို့အလုပ်ပေါ့၊ ဒါကိုလည်း တခါတည်း လမ်းကြောင်းရှာဖွေပြီး ဆောင်ရွက်တာ မျိုးတွေ ပြုလုပ်နေပါတယ်။”

အခု ၂၀၂၃ ခုနှစ်ဟာ အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ်ဖြစ်တယ်လို့  NUG အစိုးရက ကြေညာထားဖြစ်ပြီး  ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာတော့ တိုက်ပွဲတွေ နေရာအနှံ့မှာ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ 

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ-MOD

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013