DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် MPT ဝန်ထမ်း ၁ ဦး ဓားထိုးအသတ်ခံရ
DVB
·
April 4, 2023
စစ်တွေတွင် MPT ဝန်ထမ်း ၁ ဦး ဓားထိုးအသတ်ခံရ
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြန်မာဆက်သွယ်ရေး(MPT) ရုံးဝင်းထဲမှာ ၄ ရက် မနက်ပိုင်းက ဝန်ထမ်း အမျိုးသားတယောက်  လည်ပင်း ဓားထိုးခံခဲ့ရပြီး သေဆုံးခဲ့တယ်လို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဘောလုံးကွင်းရပ်ကွက်နေ ဦးဖြူစောလှ(၅‌၄နှစ်)ဟာ သူအလုပ်လုပ်နေတဲ့ MPT ရုံးဝင်းအထဲမှာ  ဒီနေ့မနက် ၄ ရက် မနက်ပိုင်းက လည်ပင်းဓားတန်းလန်းနဲ့ တွေ့ရှိခဲ့ရပြီ စစ်တွေပြည်သူဆေးရုံ အရောက်မှာ ဆုံးသွားတာလို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ပြန်ကြားရေးတာဝန်ခံ ကိုသာဂီဖြိုးက ပြောပါတယ်။

"တွေ့တုန်းကတော့ သူရဲ့ လည်ပင်းမှာ ထိုးသွင်းထားတဲ့ ဓားတန်းလန်းနဲ့ တွေ့ရှိခဲ့တာဖြစ်တယ်။  မသေသေးဘူး။ ဆေးရုံရောက်ပြီးမှ သေသွားတာပါ။ သူကတော့ မနေ့က အိမ်ကို မသွားဘဲ ရုံးမှာ ညအိပ်နေခဲ့တာလို့ သိရတယ်။ သူတို့မှာ ရုံးသားတွေအချင်းချင်း သတ်တာလား ဘယ်သူက သတ်တယ်ဆိုတာတော့ အတည်ပြုလို့မရသေးဘူး။" 

ဦးဖြူစောလှ ဘာကြောင့် အသတ်ခံရတယ်ဆိုတာနဲ့ ဘယ်သူက သတ်သွားတယ်ဆိုတာ မသိရသေးပါဘူး။

မတ် ၁၇ ရက်ကလည်း စစ်တွေမြို့ မင်းဂံရပ်ကွက်မှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် တယောက် ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ပြီး နောက်တနေ့မှာ အဲဒီဒဏ်ရာ တွေနဲ့ စစ်တွေ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ စစ်တွေမြို့မှာ နေ့တိုင်းလိုလို လုယက်မှုတွေ ဖြစ်ပွားနေသလို  လူသတ်မှုတွေလည်း မကြာခဏဖြစ်နေတာကြောင့် ဒေသခံတွေကြား စိုးရိမ်မှု မြင့်တက်နေကြပါတယ်။

ဓာတ်ပုံ- ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013