
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက် ၁၃၁ လမ်းနဲ့ ၅၃ လမ်းဒေါင့်ရှိ ပုဂ္ဂလိက ဆေးခန်းရှေ့မှာ ဧပြီ ၃ ရက် မနက်က အသက် ၄၂ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းဟန်ကို သူပိုင်တဲ့ လန်ဒန်ဆေးခန်းရှေ့မှာ သေနတ်နဲ့ပစ်ခတ်ခံရကာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
သေဆုံးသူနဲ့နီးစပ်တဲ့သူတစ်ဦးက “သူ့ဆေးခန်းရှေ့မှာ အုပ်ချုပ်ရေးမှူး ဦးစိုးမင်းဟန်နဲ့ သူ့ရဲ့တူနဲ့ တခြားလူ တယောက်တို့အတူရှိနေကြချိန် ဆိုင်ကယ် နှစ်စီးနဲ့ လူငယ် လေးယောက် ရောက်လာပြီး သေနတ်နဲ့ ပစ်သွားတာ"လို့ ပြောပါတယ်။
အုပ်ချုပ်ရေးမှူးပွဲချင်းပြီးသေဆုံးကာ ဓားနဲ့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် တူဖြစ်သူ မျိုးဆန်းဦးကတော့ ကျည်ထိမှန်ပြီး အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
အဆိုပါ ပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက ပစ်ခတ်တယ်ဆိုတာ မသိရသေးသလို့ ဘယ်အဖွဲ့ကမှ တစုံတရာထုတ်ပြန်ပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်တပ်က ရပ်ကွက်အတွင်းရှိလမ်းတွေကို ပိတ်ဆို့ကာ လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးခဲ့ပြီး ဥပဒေမဲ့လက်နက်နဲ့ အနိုင်ကျင့် နှိပ်စက်၊ ဖမ်းဆီးငွေတောင်းနေပါတယ်။