Home
မြန်မာသတင်း
အင်းတော်တွင် လူငယ် ၁ ဦးကို စစ်ခုံရုံးက ထောင်ဒဏ် တသက်တကျွန်း အမိန့်ချ
DVB
·
April 4, 2023

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ ဧပြီ ၁ ရက်က နတ်မဟုတ်ရွာသား အသက် ၂၄ နှစ်အရွယ် ကိုအေးမင်းထွန်းကို အင်းတော်စစ်ခုံရုံးက ပုဒ်မ-၅၀(ည)၊ ၅၂(က)တို့နဲ့အမှုဖွင့်ပြီး ထောင်ဒဏ် တသက်တကျွန်း အမိန့်ချလိုက်တယ်လို့ သူနဲ့ နီးစပ်တဲ့အသိုင်းအဝန်းက သိရပါတယ်။

ကိုအေးမင်းထွန်းကို ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က နားရခေါင်ရွာမှာ စစ်ကောင်စီတပ်က စစ်ဆေးနေတုန်းဖမ်းဆီးခဲ့ပြီးနောက် ဧပြီ ၁ ရက်နေ့မှာ ထောင်ဒဏ်တသက်ချမှတ်လိုက်တာလို့   Indaw Revolution-IR သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

"နားရခေါင်ရွာမှာ စစ်တပ်ကစစ်ဆေးနေတုန်းဖမ်းခံခဲ့ရတာ အခု အင်းတော်မှာရောက်နေတဲ့ စစ်ကြောင်းက PDF ဝတ်စုံတွေဝတ်ထားတာဆိုတော့ ပြည်သူတွေက PDF နဲ့ ခဏခဏမှားကြတယ် အေးမင်းထွန်း ဖမ်းခံရတာလည်း (စခ..)တွေကို PDF နဲ့မှားပြီး စကားသွားပြောလို့ ဖမ်းခံရတာ ဖြည့်စွက်ပြောချင်တာကတော့ ပြည်သူတွေ (စခ..)သတင်းတွေကို ထောက်လှမ်းပြီးမှ သွားလာကြဖို့ မှာချင်ပါတယ်ဗျ။”

အေးမင်းထွန်းဟာ တရားဥပဒေရဲ့ အကာအကွယ်နဲ့ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေး အချုပ်သားတယောက်ရဲ့ အခွင့်ရေးတွေ ဘာမှမရဘဲ  စစ်ကောင်စီရဲ့ စစ်ခုံရုံးကနေ ထောင်ဒဏ် တသက်တကျွန်း အမိန့်ချမှတ်ခံရတာဖြစ်ပါတယ်။၊

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်ကလည်း အင်းတော်စစ်ဆေးရေးဂိတ်မှာ အသက် ၂၆ နှစ်အရွယ် နဘားကျေးရွာအုပ်စု ကမ်းနီရွာသား ကိုမင်းမင်းဦး(ခ)ကိုလမင်းကို  တောထဲကနေ မီးသွေးဖုတ်လုပ်ငန်း လုပ်ကိုင်ပြီးပြန်လာစဉ်  PDF လို့ စွပ်စွဲကာ ဖမ်းဆီးခံရပြီး ပုဒ်မ-၅၀(ည)နဲ့ အမှုဖွင့်အရေးယူကာ ဖေဖော်ဝါရီလ ၂၇ က်နေ့မှာ အင်းတော်မြို့ စစ်ခုံရုံးက‌ နေ ထောင်ဒဏ်တစ်သက်တစ်ကျွန်း အမိန့်ချခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024