DVB Logo
Home
မြန်မာသတင်း
ဘုတ်ပြင်းတွင် ဖမ်းဆီးခံနေရသည် အရပ်သား ၁၀ ဦးအနက် ၅ ဦးကို စစ်တပ်က ပြန်လွှတ်ပေး
DVB
·
April 3, 2023
ဘုတ်ပြင်းတွင် ဖမ်းဆီးခံနေရသည် အရပ်သား  ၁၀ ဦးအနက် ၅ ဦးကို စစ်တပ်က ပြန်လွှတ်ပေး
Donate to DVB

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာ မတ် ၂၅ ရက်နဲ့ ၂၆ ရက်တွေက စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီး ထိန်းသိမ်းတာခံထားရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင် အရပ်သား ၁၀ ယောက်ထဲက ၅ ယောက် ပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၂၇ ရက်နဲ့ မတ်လ ၃၀ ရက်က ၅ ယောက်ကို စစ်ကြောမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့ပြီး  ပြန်လွတ်လာသူတွေထဲမှာ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ပါဝင်တယ်လို့ သိရပါတယ်။

ဒေသခံ တဦးက “ခံဝန်နဲ့ ပြန်လွှတ်ပေးတာပါ။ အရပ်သား ၅ ယောက် ကျန်ပါသေးတယ်”လို့ ပြောပါတယ်။

ဘာဖြစ်လို့ဖမ်းတာလဲဆိုတာတော့ မသိရသေးသလို ပြန်မလွတ်ဘဲ ကျန်ရစ်တဲ့သူတွေကတော့ စစ်ဆေးခံနေရဆဲလို့သိရပါတယ်။

ကျန်ခဲ့တဲ့ အရပ်သား ၅ ယောက်အနက် အမျိုးသား ၂ ယောက် နဲ့ အမျိုးသမီး ၁ ယောက်ဟာ သတင်းအစအန ပျောက်နေပြီး လသားကလေးနဲ့ မိခင်ရယ်၊ အမျိုးသား တယောက်ရယ်ကိုတော့ ခမရ ၄၃၂မှာ ဆေးကုပေးနေတယ်လို့ သိရပါတယ်။

ဘုတ်ပြင်းမြို့နယ်ထဲက စစ်ဆေးရေးဂိတ်တခုမှာ စစ်တပ်က ကော့သောင်းမှ ဘုတ်ပြင်းကိုလာတဲ့ အမျိုးသား၂ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ ၄၅ ရက်သားအရွယ် ကလေးတဦးတို့ကို မတ် ၂၅ ရက်က ဖမ်းဆီးခဲ့ပြီး မတ် ၂၆ ရက်မှာလည်း ဘုတ်ပြင်းမြို့ထဲက အမျိုးသား ၄ ဦးကိုပါ ထပ်မံ ဖမ်းဆီးခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013