DVB Logo
Home
မြန်မာသတင်း
နတ်တလင်းနှင့် မင်းလှမြို့နယ် ပဲခူးရိုးမပေါ်တွင် တိုက်ပွဲဖြစ်
DVB
·
April 3, 2023
နတ်တလင်းနှင့် မင်းလှမြို့နယ် ပဲခူးရိုးမပေါ်တွင် တိုက်ပွဲဖြစ်
Donate to DVB

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ကြက်မနက်ကျေးရွာမှာ ဘန်ကာ၊ ကတုတ်ကျင်းတွေနဲ့ အခိုင်အမာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဧပြီ ၁ ရက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပိတောက်ဖြူစစ်ဆင်ရေးအဖြစ် ဝင်ရောက်စီးနင်း ချေမှုန်းတိုက်ခိုက်ခဲ့တယ်လို့ ပဲခူး PDF က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ စီးနင်းချေမှုန်းမှုကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ မှ  တပ်ခွဲ-၂၊ တပ်ခွဲ-၃၊ တပ်ခွဲ-၄၊ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ မှ တပ်ခွဲ-၅၊ တပ်စု-၂ နဲ့ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁  ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပိတောက်ဖြူစစ်ဆင်ရေးမှာ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သလို MA3 ဒင်ခေါက်သေနတ် ၁ လက်၊ ကျည် ၂၀ နဲ့ လက်ပစ်ဗုံး ၁ လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

အဲဒီစီးနင်းချေမှုန်း တိုက်ခိုက်မှုမှာ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၂ က တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးတယ်လို့လည်း ဆိုပါတယ်။

အလားတူ၊ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အရှေ့ဘက် ပဲခူးရိုးမပေါ်ကို စစ်ကြောင်းနှစ်ကြောင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၃ တို့ မတ်  ၃၁ ရက် မနက် ၇ နာရီခွဲက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပဲခူး PDF တွေက ပြောပါတယ်။

သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ တပ်ခွဲ-၃ ရဲ့ PDF စခန်းနေရာကို စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်းခွဲကာ အင်အားအများအပြားနဲ့ စခန်းကိုစီးနင်းဖို့ တက်လာစဉ် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ရိုးမတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မတ် ၂၃ ရက်ကလည်း စိန်ကန့်လန့်ရွာအခြေစိုက် ခလရ ၁ က စစ်သား ၃ ယောက် လက်နက်တွေယူပြီး ပဲခူးရိုးမပေါ်ကို ထွက်ပြေးသွားတာကြောင့် စစ်ကောင်စီတပ်က ရှာဖွေခဲ့ရာက အခုလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းနေရာကို သိရှိပြီး စခန်းစီးနင်းဖို့ လုပ်ရာက ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013