DVB Logo
Home
မြန်မာသတင်း
တောင်ကြီးတွင် ညဘက် အပြင်ထွက်သည့် လူငယ်များကို စစ်တပ်က ဖမ်းဆီးပြီး ငွေညှစ်
DVB
·
April 2, 2023
တောင်ကြီးတွင် ညဘက် အပြင်ထွက်သည့်  လူငယ်များကို စစ်တပ်က ဖမ်းဆီးပြီး ငွေညှစ်
Donate to DVB

ရှမ်းပြည်နယ်။ တောင်ကြီးမြို့မှာ ညပိုင်းအချိန် အပြင်ထွက် သွားလာတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ငွေညှစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မတ်လနောက်ဆုံးပတ်က ည ၈ နာရီကျော်လောက်မှာ လမ်းပေါ်မှာ ဂစ်တာတီးနေတဲ့ လူငယ်တွေကို စစ်တပ်က ဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ နီးစပ်သူ တဦးက ပြောပါတယ်။

"သူတို့တွေ ပိုက်ဆံရှာနေကြပုံပဲ။ ဂီတာ မတီးလည်း ဒီတိုင်းကို ပတ်ဖမ်းနေတာ။ ဖမ်းချင်တဲ့အချိန် ဖမ်းတာ။ ည ၈ နာရီလည်း ဖမ်းတာပဲ။"

မတ် ၂၈ ရက်ကလည်း ည ၁၁ နာရီက ဘားကနေ ပြန်လာတဲ့သူတွေကို လှည့်ကင်းရဲတွေ ဖမ်းပြီး အချုပ်ထဲ တညထည့်ကာ ငွေကျပ် ၂ သိန်းတောင်းတာကြောင့် ငွေကျပ် တသိန်းခွဲပေးခဲ့ရတယ်လို့ ရပ်ကွက်ထဲက အမျိုးသမီးတဦးက ပြောပါတယ်။

ဒေသခံ အမျိုးသားတဦးက "ခေတ်အခြေအနေ မကောင်းတော့ နေတတ်မှ တော်ကာကျမယ်"လို့ ပြောပါတယ်။

မတ်လ နောက်ဆုံးအပတ်အတွင်း အဖမ်းခံရပြီး ငွေနဲ့ ပြန်ရွေးရတဲ့ လူငယ်တွေဟာ အသက် ၂၀ အရွယ် လူငယ် ၁၀ ယောက်မက ရှိနေတယ်လို့ ဆိုပေမဲ့ အရေအတွက်အတိအကျကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

တောင်ကြီးမြို့မှာ ညမထွက်ရအမိန့် (မာရှယ်လော) ထုတ်ပြန်ထားတာမျိုး မရှိဘဲ စစ်ကောင်စီတပ်က ကြုံသလို ဖမ်းဆီးပြီး ငွေနဲ့ပြန်ရွေးခိုင်းနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013