DVB Logo
Home
မြန်မာသတင်း
ဝက်လက်မြို့နယ်ရှိ စစ်ရှောင်များ ရေအခက်အခဲကြောင့် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပွား
DVB
·
April 2, 2023
ဝက်လက်မြို့နယ်ရှိ စစ်ရှောင်များ  ရေအခက်အခဲကြောင့် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပွား
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက စစ်ရှောင်စခန်းတွေမှာ စစ်ဘေးရှောင်ပြည်သူတွေဟာ သန့်ရှင်းတဲ့ သောက်သုံးရေမရတဲ့ ရေအခက်အခဲကြောင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေတယ်လို့ အကူညီသွားပေးသူတွေထံက သိရပါတယ်။

ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက “ဒီစစ်ရှောင်စခန်းမှာ သောက်ရေအခက်အခဲတွေကြောင့် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်နေကြတယ်။ ဆေးရုံ၊ ဆေးခန်းပြဖို့ကို ဝက်လက်မြို့ပေါ်လည်း မသွားရကြဘူး။ သောက်ရေအခက်အခဲနဲ့ တခြားကူညီမှုတွေ လိုအပ်နေတယ်။ လူသားချင်းစာနာစိတ်နဲ့စိတ်ဓာတ်မြှင့်တင်ပေးနိုင်ဖို့ သွားကူညီခဲ့တာပါ"လို့ ပြောပါတယ်။

ဝက်လက်မြို့နယ်ထဲက စစ်ရှောင်စခန်း တစ်ခုကို ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း(Eagle Guerrilla Force) က Visionary Support Team ရဲ့ ထောက်ပံ့မှုနဲ့အတူ  ဧပြီ ၁ ရက်မှာ အခြေခံစားနပ်ရိက္ခာ နဲ့ ငွေကြေးအကူအညီကို သွားရောက်ပေးအပ်ခဲ့တယ်လို့လည်းဆိုပါတယ်။

စစ်ဘေးရှောင် အိမ်ခြေ ၁၁၈ လုံးရှိ အိမ်ထောင်စု ၁၇၀ ကျော်ထဲက စားဝတ်နေရေး အဆင်မပြေတဲ့ မိသားစု ၁၀၀ ကို   စားဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲ၊ ဆား၊ လက်ဖက်၊ အသားတု ကာဗော်လစ်ဆပ်ပြာတွေကို အချိုးကျထောက်ပံ့ပေးခဲ့ပြီး ဆန် ၃ ပိုင်း ပေးအပ်ခဲ့ကာ  သက်ကြီးရွယ်အိုပါဝင်တဲ့ အိမ်ထောင်စု ၁၈ စုကို ငွေကျပ် ၁၅၀၀၀ စီ သွားရောက်လှူဒါန်းနိုင်ခဲ့တယ်လို့လည်း တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းတွေမှာ အဓိကလိုအပ်ချက်ဖြစ်တဲ့ သောက်ရေရှားပါးမှုတွေနဲ့ ကြုံနေရပြီး ကျန်းမာရေးထောက်ပံ့မှုတွေ လိုအပ်ကာ အရင်ကNUG တပ်ရင်းတွေက ကျန်းမာရေးမှူတွေ ရံဖန်ရံခါလာတာမျိုးရှိပြီး အခုနောက်ပိုင်းမလာတော့ဘူးလို့  စစ်ရှောင်တွေက ပြောပါတယ်။

လက်ရှိမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တောင်ပေါ်၊မြို့ပြ၊ကျေးလက်တွေမှာ စစ်ဘေးရှောင် တွေအလွန်များပြားနေပြီး နီးစပ်ရာတောတောင်တွေမှာ စစ်ဘေးရှောင်နေကြရတဲ့အတွက် သောက်ရေအခက်အခဲ၊ ဆေးဝါးနဲ့  စားနပ်ရိက္ခာလိုအပ်ချက်တွေရှိနေပါတယ်။

ဓာတ်ပုံ-ဗိုလ်ကောက်ရိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013