DVB Logo
Home
မြန်မာသတင်း
ရေစကြို ပကဖစခန်း စီးနင်းခံရပြီး ရဲဘော် ၅ ဦး သေဆုံး၊ ဘုတလင်မြို့နယ်၌ PDF စခန်းသိမ်းပိုက် မီးရှို့ခံရ
DVB
·
April 1, 2023
ရေစကြို ပကဖစခန်း စီးနင်းခံရပြီး ရဲဘော် ၅ ဦး သေဆုံး၊ ဘုတလင်မြို့နယ်၌ PDF စခန်းသိမ်းပိုက် မီးရှို့ခံရ
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ  ပကဖစခန်းကို မတ် ၃၁ ရက် အစောပိုင်းက စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဉ်  တိုက်ပွဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုပကဖက သိရပါတယ်။

ရေစကြိုပကဖသတင်းနဲ့ပြန်ကြားရေးတာဝန်ခံက "သူတို့က ပတ်လည်ဝိုင်းပြီး ပစ်ဝင်တာဆိုတော့ အထိုင်စခန်းမှာစကားပြောနေတဲ့ ရဲဘော် ၄ ယောက် ကျည်ထိပြီး ကျတယ်။ အရှင်ဖမ်းခံရတဲ့ တယောက်ကိုလည်း ပေါက်ပြားတွေနဲ့ခုတ်ပြီး သတ်သွားတယ်”လို့ ပြောပါတယ်။

ရေစကြိုပကဖစခန်းအပြန်အလှန်ပစ်ခတ်မှုမှာ ရေစကြိုပကဖမှ ရဲဘော် ၁ ယောက်၊ ရွှေလယ်ကျွန်း LPDF မှ ရဲဘော် ၁ ယောက်နဲ့ အညာသား ပြောက်ကျားအဖွဲ့ YSO မှ ရဲဘော် ၁ ယောက် ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ရွှေလယ်ကျွန်း LPDF မှ AK ၁ လက်၊ YLK ပြောက်ကျားတပ်ဖွဲ့မှ M41 ၁ လက်၊ အ ညာသားပြောက်ကျားတပ်ဖွဲ့မှ AK ၁လက်တို့ ဆုံးရှုံးခဲ့ရတယ်လို့  ရေစကြိုပကဖက သတင်းထုတ် ပြန်ထားပါတယ်။

မတ် ၃၀ ရက်က မနက်က အင်အား ၄၀ ပါ စစ်ကြောင်းကို ညောင်ဇောက်နဲ့ သန္တပို့ရွာကြားမှာ ရေစကြိုပကဖက မိုင်းဆွဲခဲ့တာကြောင့် စစ်တပ်က ထိခိုက်မှုများခဲ့တာကြောင့် နောက်တရက်မှာ အင်အားဖြည့်တင်းပြီး စခန်းဝင်စီးခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာလည်း ရွာ‌ဇော်ကြီးတော်လှန်အသံ ပြည်သူ့ကာကွယ်ရေး စခန်းတစ်ခုကို စစ်ကောင်စီတပ်က မတ်လ ၃၁ ရက် မနက်  ၇ နာရီက ဝင်ရောက်စီးနင်းပြီး စခန်းကိုပါမီးရှို့သွားတယ်လို့  အဖွဲ့ရဲတာဝန်ရှိသူထံကနေ သိရပါတယ်။

အဲဒီစခန်းသိမ်းဖို့ရာလာတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၄၀ ကျော်နဲ့ ဘုတလင်မြို့ကနေ စတင်ထွက်ခွာလာတဲ့ စစ်တပ်ဖြစ်ပါတယ်။

အခုလိုစခန်းစီးနင်းခံရပြီး စခန်းအတွင်းက ယမ်းအိတ်တွေ၊ လက်လုပ်မိုင်းတွေ၊ လက်လုပ်လက်နက်ကြီးတွေနဲ့  ငွေကြေးအများအပြားဆုံးရှုံးလိုက်ရတယ်လို့ ရွာ‌ဇော်ကြီး တော်လှန်အသံအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်က မတ်လ၂၅ ရက်ကလည်း ဆုံကုန်းရွာကို ဝင်ရောက်ပြီး ဒေသခံ သက်ကြီးရွယ်အို ၆ ဦးကို သတ်ဖြတ်ကာ ရွာကိုလည်း မီးရှို့သွားလို့ လူနေ အိမ်ခြေအများအပြား မီးလောင်ဆုံးရှုံးခဲ့တယ်လို့  ‌ဘုတလင်ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013