DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက NLD ပါတီ ဆိုင်းဘုတ်များကို လိုက်လံဖြုတ်ချနေ
DVB
·
March 31, 2023
စစ်ကောင်စီက NLD ပါတီ ဆိုင်းဘုတ်များကို လိုက်လံဖြုတ်ချနေ
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ပါတီ ၄၀ ကို စစ်ကောင်စီက ပါတီကနေဖျက်သိမ်းပြီး နှစ်ရက်အကြာမှာ နေပြည်တော်နဲ့ ရန်ကုန်က မြို့နယ်ပါတီဆိုင်းဘုတ်တွေကို စစ်အုပ်စုကလိုက်လံ ဖြုတ်သိမ်းတာတွေ လုပ်လာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရန်ကုန် လှိုင်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ မြို့နယ်ဆိုင်းဘုတ်ကို မတ်လ ၃၁ ရက် ဒီနေ့မနက်မှာ ရပ်ကွက်လူကြီးတချို့နဲ့ စည်ပင်က လာရောက်ဖြုတ်သိမ်းခဲ့တယ်လို့ NLD ပါတီဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“စည်ပင်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးက လာဖြုတ်သွားတာ။ အခုချိန်မှာ ဘာမှပြောလို့မရဘူး၊ သူတို့စိတ်ထင်သလိုလုပ်မှာ။”

အလားတူ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ပါတီဆိုင်းဘုတ်ကိုလည်း မတ်လ ၃၀ ရက် ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ရဲတွေက လာရောက်ဖြုတ်ချခဲ့တယ်လို့ NLD ပါတီဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့် နေအိမ်က ဆိုင်းဘုတ်ကို ဖြုတ်ချတာ။ ဖြုတ်မချရင် နေအိမ်ချိပ်ပိတ်မယ်လို့ ပြောတယ်။ ဦးကျော်တင့်က ထွက်ပြေးနေရတော့ သူ့ရဲ့အစ်ကိုပဲ အိမ်မှာရှိတယ်။ ဖိအားပေးပြီး ဖြုတ်ချခိုင်းတာ။”

စစ်ကောင်စီတပ်နဲ့ ရဲတွေက NLD ပါတီ မြို့နယ်ရုံး ဖွင့်လှစ်ထားတဲ့ နေအိမ်တွေက ဆိုင်းဘုတ်တွေကို ဖြတ်ချရာမှာ မိမိသဘောဆန္ဒအရ ဖြတ်ချတယ်ဆိုတာကို လက်မှတ်ရေးထိုးခိုင်းတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ တရားဝင် နိုင်ငံရေးပါတီ ၉၃ ပါတီရှိတဲ့အနက် စစ်ကောင်စီလက်အောက် ပြန်ပြီး မှတ်ပုံမတင်တဲ့ NLD အပါအဝင် ပါတီ ၄၀ ကို မတ်လ ၂၈ ရက်က ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013