DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်မြို့ လေထုညစ်ညမ်းမှုအခြေအနေ ဆိုးရွားနေသဖြင့် ကျန်းမာရေးသတိပေး
DVB
·
March 31, 2023
ချင်းမိုင်မြို့  လေထုညစ်ညမ်းမှုအခြေအနေ ဆိုးရွားနေသဖြင့် ကျန်းမာရေးသတိပေး
Donate to DVB

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရဲ့ လေထုအရည်အသွေး Air Quality Index (AQI) အဆင့် သတ်မှတ်ချက်ဟာ မတ်လ ၃၁ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ ၂၆၈ ရှိနေပြီး၊ PM 2.5 ကျန်းမာရေးကို အလွန် ထိခိုက်စေနိုင်တဲ့ ခရမ်းရောင် အဆင့်မှာ ရှိနေပါတယ်။

လက်ရှိ လေထုညစ်ညမ်းမှုဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေ ပိုမို ခံစားရနိုင်ပြီး အထူးသဖြင့် အသက်ရွယ်ကြီးသူ တွေနဲ့ ကလေးငယ်တွေမှာ ပိုပြီး ခံရနိုင်ခြေပိုများတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောပါတယ်။

ချင်းမိုင် လေထုညစ်ညမ်းမှုဟာ ကျန်းမာရေးအလွန်ထိခိုက်တဲ့ ခရမ်းရောင် အဆင့်မှာ ရှိနေပြီး တတ်နိုင် သ‌လောက် အိမ်ထဲမှာနေဖို့နဲ့ အပြင်ထွက်ရင် N-95 Mask တပ်ဖို့၊ ရေများများ သောက်ဖို့ ဆရာဝန် တစ်ယောက်က ပြောပါတယ်။

ဆရာဝန်တစ်ဦးက "အိမ်ထဲမှာနေတာ အကောင်းဆုံးပဲ။ အပြင်ထွက်မယ်ဆိုရင် Mask တပ်ပါ။ ရေများများသောက်ပါ။ လည်ချောင်းတွေ ပိုနာပါလိမ့်မယ်။ အိမ်မှာတော့ လေသန့်စင်စနစ် ထားထားရင် ကောင်းတယ်။ မထားထားနိုင်လည်း အိမ်တံခါးတွေ ပိတ်ထားပါ။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ အိမ်ထဲမှာနေပါ။ အောက်ဆီဂျင် ရနိုင်ရင် အောက်ဆီဂျင် သုံးပါ။ အောက်ဆီဂျင် မရနိုင်ရင် Mask တပ်ထားပါ။ အမှုန်အမွှားအကြီးတွေကို ကာကွယ်ပြီးသားဖြစ်သွားမယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆွစ်ဇာလန်အခြေစိုက် လေထုအရည်အသွေး နည်းပညာ ကုမ္ပဏီ IQ Air ရဲ့ ကမ္ဘာ့လေထု ညစ်ညမ်းမှု အဆိုးဆုံး ၁၀ မြို့ စာရင်းမှာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ လေထုညစ်ညမ်းမှု နံပါတ် ၁ နေရာမှာ ရောက်ရှိနေပါတယ်။ချင်းမိုင်မြို့ရဲ့ လေထုညစ်ညမ်းမှုဒဏ်ကို ဒီနှစ်မှာ အဆိုးဝါးဆုံး ခံစားနေရတယ်လို့ ချင်းမိုင်ရောက် မြန်မာတစ်ယောက်က ပြောပါတယ်။

ချင်းမိုင်ရောက် မြန်မာ တစ်ဦးက "ချင်းမိုင်က ဒီရာသီရောက်ပြီဆိုရင် Air pollution က တော်တော်ဆိုးတယ်။ Air pollution ဖြစ်တဲ့ ပြသနာတွေက အပင်စိုက်ခါနီးကျရင် တောမီးရှိုးတာတွေရှိတယ်။ အဲဒီက ထွက်လာတဲ့ မီးခိုးတွေပေါ့။ အဲဒါ ထိုင်းတနိုင်ငံတည်း မဟုတ်ဘူး။ ရှမ်းပြည်ဘက်က ရှို့တာတွေပါ ပါတယ်။ သေချာတာတခုက မီးရှိုးတဲ့ မီးခိုးတွေက ထွက်လာတဲ့ အမှုန်တွေက Air pollution ဖြစ်တယ်။ ဟိုရက်တွေက မိုးရွာသွားတော့ Air pollution က နည်းနည်း သက်သာသွားတယ်။ ဒီရက်တွေထဲ တောမီး ပြန်လောင်နေတော့ Air pollution က ပိုဆိုးသွားတယ်။ အပြင်ကို ရုတ်တရက် ကြည့်လိုက်ရင် မသိရင် မြူကျနေသလိုပဲ။ အခုက တော်တော်ဆိုးဆိုးပဲ"လို့ ဒီဗွီဘီကို ပြောပါတယ်။

လေထုညစ်ညမ်းမှုကို အဓိက ဖြစ်စေတာဟာ မော်တော်ယာဉ်တွေ၊ စက်ရုံတွေ၊ အဆောက်အအုံတွေနဲ့ တောမီးရှို့တာ၊ အမှိုက်ပုံ မီးရှို့တာ၊ တဦးချင်း မီးရှို့တာတွေကြောင့်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်တဲ့ အဖွဲ့တွေက ပြောပါတယ်။

လေထု ညစ်ညမ်းမှုကြောင့် လေဖြတ်ရောဂါ၊ နှလုံးရောဂါ၊ နာတာရှည် အဆုတ်ရောင်ရောဂါ၊ အဆုတ် ကင်ဆာနဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းရောဂါတွေ ခံစားရနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားပါတယ်။ ကမ္ဘာမှာ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် အရွယ်မတိုင်မီ သေဆုံးမှု လူဦးရေ ၇ သန်း ရှိတယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - Chiangmai News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013