DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ် အလယ်ကျွန်းရွာက ပျူစောထီးများကို ကနီမြို့ပေါ် ပြောင်းရွှေ့ရန် စစ်ကောင်စီ စီစဉ်
DVB
·
March 29, 2023
ကနီမြို့နယ် အလယ်ကျွန်းရွာက ပျူစောထီးများကို ကနီမြို့ပေါ် ပြောင်းရွှေ့ရန် စစ်ကောင်စီ စီစဉ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး တော်လှန်ရေးအဖွဲ့တွေကို တိုက်ခိုက်နေတဲ့ အလယ်ကျွန်းခေါ် ရေလယ်ကျွန်းရွာက ပျူစောထီးတွေကို စစ်ကောင်စီက မတ်လ ၂၇ ရက်ကစပြီး ကနီမြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်ဖို့ စီစဉ်နေတယ်လို့ ကနီမြို့ပေါ်နေ စစ်တပ်နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

အခုလို ပြောင်းရွှေ့ရတာဟာ ပျူစောထီးတွေအတွက် စစ်ကောင်စီက စားနပ်ရိက္ခာ အခက်အခဲကြောင့် ပြောင်းရွှေ့ဖို့ လုပ်နေတာလို့ ဆိုပါတယ်။

ကနီမြို့နယ် သပိတ်ခေါင်းဆောင် ကိုပြည့်အောင်နိုင်က “စစ်ကောင်စီပြောသလို စားနပ်ရိက္ခာ အခက်အခဲကြောင့် မဖြစ်နိုင်လောက်ဘူး။ သူတို့ စစ်ရေးလှည့်ကွက် ဖြစ်နိုင်လောက်တယ်ဗျ။ သူတို့ အလယ်ကျွန်းရွာကို စစ်ရေးပစ်ကွင်းအဖြစ် လုပ်လာပြီး ကနီမြို့ပေါ်က ပြည်သူတွေကို ပျူတွေသုံးပြီး သတင်းနှိုက်လာတာတွေ လုပ်လာနိုင်တယ်။ သူတို့ ကျနော်တို့ တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တွေရဲ့ အိမ်တွေကို မတ်လ ၂၇ နေ့က ရှင်းပြီးနေဖို့ရာ လုပ်နေတယ်။ ချိပ်ပိတ်ထားတဲ့ ခေါင်းဆောင်တွေ အိမ်တွေကတော့ အမှတ် ၁ ရပ်ကွက်က ၂ အိမ်၊ အမှတ် ၂ ရပ်ကွက်က ၁ အိမ်ကို ရှင်းတာတွေ လုပ်ထားတယ်။ သူတို့ အိမ်ထောင်စု ၆၀ ကျော် ပြောင်းရွှေ့မယ်လို့ သိထားရတယ်။ အကုန်လုံး တခါတည်းပြောင်းတာမျိုး မဟုတ်ဘဲ တဦးချင်း၊ တအိမ်ထောင်ချင်း ပြောင်းရွှေ့နေတာဗျ။ မြို့ပေါ်နေ ပြည်သူတွေအနေနဲ့ အလယ်ကျွန်းကပျူတွေကို အထူးဂရုစိုက်ကြည့်ဖို့ လိုလိမ့်မယ်” လို့ ပြောပါတယ်။

အခုလို ပျူစောထီတွေ ကနီမြို့ပေါ် ပြောင်းရွှေ့လာတာကြောင့် ကနီမြို့ပေါ်ရဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေ ရှုပ်ထွေးလာနိုင်တယ်လို့လည်း ထပ်မံပြောပါတယ်။

အခု ကနီမြို့ပေါ်ကိုပြေးလာတဲ့ အလယ်ကျွန်းရွာဟာ အိမ်ခြေ ၁၀၀ နီးပါးခန့်ရှိ ကျေးရွာတရွာဖြစ်ပြီး အလယ်ကျွန်း‌ဒေသခံ အများစုဟာ စစ်ကောင်စီကို ထောက်ခံကြသလို ကနီမြို့နယ်အတွင်း စစ်ကောင်စီထောက်ခံသူတွေကို ပြည်သူ့စစ်သင်တန်းပေးတဲ့ ကျေးရွာတရွာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အလယ်ကျွန်းကျေးရွာကနေ လတ်တလော ကနီမြို့ပေါ်ရောက်ရှိနေတဲ့ ပျူစောထီးတချို့ဟာ ကနီရဲစခန်းနဲ့‌ ထွေအုပ်ရုံး ဝန်ထမ်းလိုင်းခန်းတွေမှာ နေထိုင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013