DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
မကွေးတိုင်းတွင် PDF များအတွက် ဒရုန်းနှင့် စနိုက်ပါ သင်တန်းအပါအဝင် စစ်သင်တန်းဆင်းပွဲနှင့် လက်နက်ပေးအပ်ပွဲ NUG ကျင်းပ(ဓာတ်ပုံ)
DVB
·
March 29, 2023
မကွေးတိုင်းတွင် PDF များအတွက် ဒရုန်းနှင့် စနိုက်ပါ သင်တန်းအပါအဝင် စစ်သင်တန်းဆင်းပွဲနှင့် လက်နက်ပေးအပ်ပွဲ NUG ကျင်းပ(ဓာတ်ပုံ)
1 / 5
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးကျင်းပတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၁) စစ်ဒေသ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနဲ့ လက်နက်ပေးအပ်ပွဲ အခမ်းအနားကို မကွေးတိုင်းတနေရာမှာ ကျင်းပပါတယ်။

ဒီအခမ်းအနားကိုတော့ ပြီးခဲ့တဲ့ မတ် ၂၇ ရက်မှာ ပြုလုပ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပေးပို့တဲ့ သဝဏ်လွှာ ဖတ်ကြားတာ၊ မိန့်ခွန်းပြောကြားတာတွေနဲ့ လက်နက်ပေးအပ်တာတွေကိုပါ ပြုလုပ်ခဲ့ပြီး သင်တန်းကာလအတွင်း လက်နက်ငယ်၊ လက်နက်ကြီး ကျွမ်းကျင်မှုဘာသာရပ်တွေ၊ ဒရုန်းနဲ့ စနိုက်ပါ သင်တန်းတွေကိုပါ ထည့်သွင်းသင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

သိပ်ကြာသေးခင်ကလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်း ၉ ကြောင်းက ရဲဘော်တွေကို ပို့ချတဲ့ လက်နက်ကြီးအခြေခံနဲ့ မွမ်းမံသင်တန်းဆင်းပွဲ အခမ်း အနားကို ကျင်းပနိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။

အဆိုပါသင်တန်းကိုတော့ NUG အစိုးရ၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ နဲ့ ဒေါနစစ်ကြောင်းတို့ ဦးစီးပြီးတော့ သင်ကြားပို့ချပေးခဲ့တာဖြစ်ပြီးတော့ ရဲဘော်တွေကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေး ခဲ့တာလို့ ဆိုပါတယ်။

NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက စတင်ပြီးတော့ စစ်ဆင်ရေးဆောင်ရွက်တဲ့အခါ နိုင်ငံတကာလူသားချင်းဆိုင်ရာ ဥပဒေ(IHL) သင်တန်းတွေ သင်ကြားပေးတာ၊ လက်နက်၊ ခဲယမ်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကြောင်းအလိုက် တပ်ဆင်ဖြည့်ဆည်းပေးတာ၊ လက်နက်ကြီးသင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

ဒါ့အပြင်PDF ရဲဘော်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည် အရှိန်အဟုန်တိုးမြင့်စေဖို့အတွက် မွမ်းမံသင်တန်းတွေကို အဆက်မပြတ် လေ့ကျင့်သင်ကြားပေးတာ၊ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိတဲ့ ရဲဘော်တွေနဲ့ တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီ သုံ့ပန်းတွေကို လူသားချင်းစာနာထောက်ထားမှုနဲ့ ဆေးကုသပေးနိုင်ဖို့အတွက် စစ်မြေပြင်ဆေးတပ်သား သင်တန်းကို သင်ကြားပေးတာတွေကိုလည်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့် အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Photo-NUG-PDF

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013