DVB Logo
Home
မြန်မာသတင်း
အင်းစိန်တွင် YBS ယာဉ်တိုက်မိပြီး အမျိုးသား ၁ ဦး သေဆုံး
DVB
·
March 28, 2023
အင်းစိန်တွင် YBS ယာဉ်တိုက်မိပြီး အမျိုးသား ၁ ဦး သေဆုံး
Donate to DVB

ရန်ကုန်၊ အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန်ပန်းခြံ ဘတ်စ်ကားမှတ်တိုင်မှာ မတ်လ ၂၈ မနက်ပိုင်းက လမ်းဖြတ်ကူးတဲ့ အမျိုးသားတဦး YBS 21 ယာဉ်နဲ့တိုက်မိပြီး ဆေးရုံပို့ဆောင်‌တဲ့လမ်းမှာ သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနက် ၈ နာရီခွဲလောက်က ပန်းခြံမှတ်တိုင်မှာ ခရီးသည်တွေတင်ပြီး ပြန်ထွက်လာတဲ့ YBS 21 နဲ့ ပန်းခြံမှတ်တိုင်ကနေ လမ်းတဖက်ကို ကားရှေ့ကဖြတ်ကူးတဲ့ အသက် ၆၀ အရွယ် အမျိုးသားတဦး တိုက်မိပြီး ကားအောက် ဘယ်ဘက်ရှေ့ဘီးမှာ ညပ်သွားတာပါ။

ကားအောက်‌ညပ်သွားသူကို YBS 21 ယာဉ်မောင်းဖြစ်သူနဲ့ မြို့ခံပရဟိတအသင်းတွေက ဝိုင်းဝန်းဆွဲထုတ်ခဲ့ကြပြီး ဦးခေါင်းထိဒဏ်ရာ၊ အရိုးကျိုး ပြင်းထန်ဒဏ်ရာ ရထားတာကြောင့် အင်းစိန်ဆေးရုံပို့ဆောင်တဲ့လမ်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

“မနက် ၈ နာရီခွဲလောက် ဖြစ်တာ၊ ကားသမားက ခရီးသည်တင်ပြီး ပြန်အထွက် ကားရှေ့က ဖြတ်ကူးတဲ့ ဦးလေးကြီးနဲ့ တိုက်မိတာလို့ ပြောတယ်။ ကားအောက်မှာ ညပ်နေတဲ့အချိန် သွေးထွက်လွန်နေပြီ။ အနီရောင်အဆင့်နဲ့ သွားနေတုန်း လမ်းမှာ သေဆုံးသွားတာပါ” လို့ မြို့ခံပရဟိတအသင်းက ပြောပါတယ်။

YBS 21 ယာဉ်မောင်းကို အင်းစိန်မြို့မရဲစခန်းမှာ စစ်ဆေးနေပြီး သေဆုံးသွားသူ အမျိုးသားရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013