DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်စွဲထားသည့် မယ်ခါးထာ့စခန်း အပါအဝင် စခန်း ၃ ခုကို KNLA သိမ်းပိုက်မီးရှို့
DVB
·
March 28, 2023
စစ်ကောင်စီတပ်စွဲထားသည့်  မယ်ခါးထာ့စခန်း အပါအဝင် စခန်း ၃ ခုကို KNLA သိမ်းပိုက်မီးရှို့
Donate to DVB

ထိုင်းနိုင်ငံနဲ့ နယ်စပ်ထိစပ်နေပြီး  ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ကေအန်ယူ တပ်မဟာ ၅ နယ်မြေ သံလွင်မြစ်ကမ်းပေါ်ရှိ မယ်ခါးထာ့စစ်ကောင်စီတပ်စခန်းပါအဝင် စခန်း ၃ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)က မတ်လ ၂၈ ရက် ဒီကနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။

ဒီမနက် ၅ နာရီလောက်တည်းက ပစ်ခတ်သံတွေ ကြားခဲ့ရကြောင်း တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ကပ်နေတဲ့ ထိုင်းနိုင်ငံဘက်ခြမ်းရှိ ကရင်ဒေသခံတွေက ပြောပါတယ်။

ဆယ်စုနှစ်တွေနဲ့ချီပြီး မြန်မာစစ်တပ်တွေတပ်စွဲထားတဲ့ ဒီစခန်းကို မသိမ်းပိုက်ခင် CDM လုပ်ဖို့ ဒါမှမဟုတ် စခန်းကနေခွာဖို့၊ အလံဖြူထောင်ဖို့ သတိပေးခဲ့ပေမယ့် ပြုလုပ်ခြင်းမရှိတဲ့အတွက် KNLA ဘက်က တက်ရောက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။

မယ်ခါးထာ့ စခန်းကို  ဒီကနေ့မနက် ၈ နာရီလောက်က  မီးရှိုဖျက်ဆီးခဲ့တယ်လို့ ကေအန်ယူသတင်းအရင်းမြစ်ဘက်ကပြောပေမဲ့ ကျန်စခန်း နှစ်ခုကိုတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။   

ဒီတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ ကေအန်ယူဘက်က ထုတ်ပြန်ထားတာမရှိသေးပေဲ့ ဒေသခံတွေဘက်ကတော့ ဒဏ်ရာရတဲ့လူနာတချို့ကို ထိုင်းဘက်ခြမ်း ပို့ဆောင်တာတွေ့ရှိတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့လာရောက် ပျံသန်းနေကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။ 

သော်လဲထကျေးရွာနဲ့ မျက်နှာချင်းဆိုင် သံလွင်မြစ်ဖက်ကမ်းက စစ်ကောင်စီတပ်စခန်းပါအဝင်၊ ဒါးကွင်၊ မယ်ခါးထာ့စခန်းတွေဟာ ၁၉၉၅ ခု ဒီကေဘီအေ ငြိမ်းချမ်းရေးယူပြီး နောက်ပိုင်း အဆိုပါဒေတွေထဲကို စစ်တပ်တွေက ဝင်ရောက် နေရာယူခဲ့တာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013