DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းစနစ်သစ်ပြောင်းပြီးနောက် ပတ်စ်ပို့အမြန်ရမည်ဆိုကာ ငွေကြေးလိမ်လည်မှုများရှိနေ
DVB
·
March 28, 2023
အွန်လိုင်းစနစ်သစ်ပြောင်းပြီးနောက် ပတ်စ်ပို့အမြန်ရမည်ဆိုကာ  ငွေကြေးလိမ်လည်မှုများရှိနေ
Donate to DVB

မြန်မာနိုင်ငံကူးလက်မှတ် ပတ်စ်ပို့ လုပ်ဖို့ Online Booking QR စနစ်နဲ့ လျှောက်ထားကြရာမှာ လက်ရှိမှာ ပြည်ပကို ထွက်ခွာမယ့်သူတွေများပြားလွန်းတာကြောင့်  Booking ရက်ချိန်းက ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ ပြည့်နေပြီဖြစ်ပြီး  အမြန်လုပ်ပေးမယ်ဆိုကာ ငွေကြေးလိမ်လည်မှုတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ‘အခု ပတ်စ်ပို့ရုံးထဲမှာ ဘဏ်စနစ်မရှိတော့ဘူး၊ အခုက QR ရက်ချိန်းကို အမြန်လုပ်ပေးမယ်ပြောပြီး ဝန်ဆောင်ခ ၂ သိန်းအထိ ပိုက်ဆံယူပြီး QR စာရွက်တွေမှာ အချိန်အတုတွေ စာအတုတွေပြင်ပြီး ရုံးထဲက လူပါလို့ ပြောတယ်၊ ရုံးနားရောက်လို့ ဖုန်းဆက်လိုက်ရင် ရုံးထဲကလူမို့လို့ အထဲကို လာခဲ့လိုပြောတာ၊ ဂိတ်မှာ QR အတုကြီးဖြစ် နေလို့ ဝင်လို့မရတာတွေ၊ ဖုန်းစက်ပိတ်တာ၊ Block တာတွေလုပ်နေကြတာ”လို့ ပြောပါတယ်။

ဒါ့အပြင် Green Channel အနေနဲ့ လုပ်တဲ့အခါမှာလည်း နေပြည်တော် ရုံးအမှတ် (၁၀) ကို စာတင်ရမှာဖြစ်ပြီး ပြန်ကျမယ့်ရက်ကို အတိအကျမပြောနိုင်တဲ့ အခြေအနေတွေမှာ အမြန်စနစ်နဲ့ လုပ်ဆောင်ပေးမယ်ဆိုတဲ့ ငွေကြေးလိမ်လည်မှုတွေရှိနေပါတယ်။

တစ်ဖက်မှာလည်း QR ဘွတ်ကင် မလျှောက်တတ်တဲ့သူတွေအတွက် QR လျှောက်ပေးတဲ့ဝန်ဆောင်မှုတွေရှိနေပြီး QR ယူပေးဖို့ အလုပ်အပ်တဲ့သူတွေဘက်ကလည်း ပတ်စ်ပို့  ပွဲစားတွေအပေါ် လိမ်လည်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

QR ယူပေးတဲ့အကျိုးဆောင်လုပ်ပေးနေတဲ့သူတစ်ဦးက  “သင်တန်းကျောင်းတစ်ခုက ကျနော်ဆီမှာ ပထမဆုံးအနေနဲ့ ပတ်စ်ပို့လုပ်ဖို့ တစ်ယောက်စအပ်တယ်၊ အဲဒီတုန်းက သူနဲ့ လူချင်းတွေ့လုပ်တာ၊ ပိုက်ဆံလည်း ကြိုပေးတော့ အဆင်ပြေတယ်။ နောက်တခေါက်ကတော့ ၁၅ ယောက် ထပ်အပ် တယ်၊ အဲ့ဒီ ၁၅ ယောက်မှာ ၈ ယောက်ကို ကျနော်က QR တင်ပေးတာ၊ QR လည်း ရသွားရော ပိုက်ဆံမရှင်းတာမျိုး လုပ်သွားတယ်” လို့  ပြောပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ပတ်စ်ပို့စာအုပ်ပြုလုပ်ခ ငွေကျပ် ၄၀,၀၀၀ ဝန်းကျင်သာရှိပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် QR စနစ်တွေနဲ့ စောင့်ဆိုင်းရတဲ့ အခြေအနေတွေကြောင့် ပတ်စ်ပို့အမြန်ပြုလုပ်ခ ငွေကျပ် ၃ သိန်းကနေ ၅ သိန်း၊ ၁၀ သိန်းအထိ ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေနဲ့ ရန်ကုန်က မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးမှာ အသစ်ထုတ်ပြန်ထားတဲ့ QR စနစ်နဲ့ တရက်ကို နိုင်ငံကူးလက်မှတ် လျှောက်ထားသူ အယောက် ၂၅၀၀ ကို နေ့တိုင်း ဆောင်ရွက်ပေးနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူတွေအနေနဲ့ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံကူးလက် မှတ်ထုတ်ပေးရေးရုံးမှာ မတ် ၁၄ ရက်ကစလို့ Online Booking စနစ်နဲ့ ရက်ချိန်းယူတဲ့စနစ်ကို စတင်ပြောင်းလဲ ကျင့်သုံးနေတာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013