
တရုတ်နိုင်ငံတဝန်းက ပြည်နယ်အများအပြားမှာ မိုးသည်းပြီး ရေကြီးရေလျှံနေတယ်လို့ နိုင်ငံပိုင် ရုပ်သံ CCTV က မေ ၂၆ ရက်မှာ ဖော်ပြပါတယ်။
မြေပြိုလို့ အိမ်တွေ ပြိုကျနေပြီး အရေးပေါ်ဝန်ထမ်းတွေက ဒေသခံတွေကို ရာဘာလှေတွေနဲ့ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးနေတာကို CCTV က ပြထားပါတယ်။
မေ ၂၅ ရက်မှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းပြည်နယ်မှာ ရေကြီးရေလျှံလို့ သေဆုံးသူ ဦးရေ ၉ ယောက်အထိ မြင့်တက်လာပြီး ၁၁ ယောက် ပျောက်နေတယ်လို့ CCTV က ပြောပါတယ်။
မကြာသေးမီက ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသမှာ ရေကြီးရေလျှံမှု ကာကွယ်တားဆီးရေး လုပ်ငန်းတွေ အတွက် အဓိကအားဖြင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပံ့ပိုးဖို့ ယွမ်သန်း ၁၆၀ ကို ရန်ပုံငွေအဖြစ် တရုတ်နိုင်ငံက ထပ်ပြီး ခွဲဝေပေးခဲ့ပါတယ်။
မေ ၂၆ ရက်မှာ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ အရေးပေါ်စီမံခန့်ခွဲမှု ဝန်ကြီးဌာနတို့က ယွမ် သန်း ၁၁၀ ကို အန်းဟွေ၊ ဟူနန်နဲ့ ကွေ့ကျိုး ပြည်နယ်တွေအပြင် မိုးသည်းလို့ လူ ၉ ယောက် သေဆုံးခဲ့တဲ့ ချုံချင်း မြူနီစပယ်ဒေသတွေမှာ ရေကြီးရေလျှံမှု ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ခွဲဝေ ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အရင်တပတ်က အလားတူ ရည်ရွယ်ချက်တွေအတွက် ယွမ် သန်း ၁၂၀ ထုတ်ပေးပြီးတဲ့နောက် ရန်ပုံ ငွေအပိုကို ခွဲဝေပေးခဲ့တာလည်း ဖြစ်ပါတယ်။
Source: Reuters











