DVB Logo
Home
မြန်မာသတင်း
မရမ်းချောင်စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး
DVB
·
March 27, 2023
မရမ်းချောင်စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာရှိ စစ်ကောင်စီ မရမ်းချောင်း အမြဲတမ်းစစ်ဆေးရေးဂိတ်ကို မတ် ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌက ဒီဗွီဘီကို ပြောပါတယ်။

ဌာနပေါင်းစုံပါဝင်တဲ့ စစ်ကောင်စီ မရမ်းချောင်စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်က ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုမှာ ဗုံးသီးလေးလုံးဟာ စစ်ဆေးရေးဂိတ် အဆောက်အဦနဲ့ ယာဉ်သွားယာဥ်လာ မရှိသေးတဲ့ ယာဉ်စစ်ဆေးတဲ့ နေရာအပေါ် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ဆိုပါတယ်။

တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အနီးပတ်ဝန်းကျင် နေရာတချို့ကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်ခတ်တာ‌တွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ် ထောက်ခံသူ တယ်လီဂရမ်အကောင့်တွေမှာတော့ ဒရုန်းနဲ့တိုက်ခိုက်မှုမှာ တာဝန်ကျ  ဒုရဲမှူး ကျော်သန်းဝင်းနဲ့ ရဲတပ်သား ကျော်လင်းထွန်းတို့ (မစိုးရိမ်ရ) ဒဏ်ရာတွေသာ ရရှိခဲ့တယ်လို့ ဝါဒဖြန့်ပါတယ်။

မရမ်းချောင်စစ်ဆေး‌ရေးဂိတ်ဟာ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ကားတွေကို ငွေကြေးအဆမတန် တောင်းခံတာနဲ့ ခရီးသွားပြည်သူတွေကို မကြာခဏ ရိုက်နှက်နှိပ်စက်တာတွေ ဆက်တိုက်ကျူးလွန်နေတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013