DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ ၁၀၇၀ ထိ မြင့်တက်လာ
DVB
·
March 27, 2023
စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ ၁၀၇၀ ထိ မြင့်တက်လာ
Donate to DVB

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စတင်ခဲ့တဲ့ အဓမ္မအာဏာလုမှုကာလအတွင်း မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်အုပ်စုက ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူအယောက် ၁,၀၇၀ ထိ ရှိလာခဲ့ပြီဖြစ်ကာ သေဆုံးသူတွေထဲ အမျိုးသားဦးရေ ၉၂ ရာခိုင်နှုန်းကျော် ပါဝင်နေတယ်လို့ နိုငငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောပါတယ်။

ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူတွေလို့ ဆိုရာမှာတော့ စစ်အုပ်စုက ဖမ်းဆီးအကျဉ်းချတာ၊ ဒါမှမဟုတ် အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရပြီးနောက် ထိန်းသိမ်းခံရချိန်မှာ သေဆုံးခဲ့ရသူတွေကို ဆိုလိုတာဖြစ်ကာ အ ခုနှစ် ၂၀၂၃ ခုနှစ်၊ မတ် ၃ ရက်အထိ အေအေပီပီကနေ ကောက်ယူမှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေကို အခြေခံထားပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့ အမှန်တကယ်ကိန်းဂဏန်းကတော့ အခုထက် ပိုပြီးတော့ များပြားနိုင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူတွေထဲမှာတော့ အမျိုးသား ၉၈၅ ယောက်နဲ့ အမျိုးသမီး ၅၇ ယောက် ပါဝင်နေကာ ကျန် ၂၈ ယောက်ကတော့ စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။

သတ်ဖြတ်ခံရသူတွေထဲ အသက်အရွယ်အလိုက်ကြည့်မယ်ဆိုရင်တော့ အသက် ၃၁ နှစ်ကနေ ၅၉ နှစ်ကြား အရွယ်တွေ သေဆုံးမှုက ၃၈၅ ယောက်နဲ့ အများဆုံးဖြစ်ကာ ၁၉ နှစ်ကနေ အသက် ၃၀ ကြားအရွယ် ၂၇၅ ယောက်၊ မွေးကင်းစကနေ ၁၈ နှစ်ကြား အရွယ် ၆၅ ယောက်နဲ့ အသက် ၆၀ နှစ်နဲ့အထက် သက်ကြီးပိုင်းသေဆုံးမှုကတော့ ၅၁ ယောက်ထိ ပါဝင်နေခဲ့ကာ ကျန် ၂၉၄ ယောက်ကတော့ စုံစမ်းဆဲဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် သေဆုံးမှုတွေထဲမှာတော့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာ အယောက် ၁၂၀ ကနေ ၅၉၄ ယောက်ကြားနဲ့ အများဆုံးဖြစ်ပြီး သူ့နောက်မှာတော့ မကွေးတိုင်းနဲ့ မန္တလေးတိုင်း၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတွေက အများဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။

သေဆုံးရတဲ့ အကြောင်းရင်းတွေထဲမှာတော့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရသူ ၁၀၉ ယောက်နဲ့ အများဆုံးဖြစ်နေပြီး မီးရှို့သတ်ဖြတ်ခံရသူကတော့ ၁၀၄ ယောက်နဲ့ ဒုတိယအများဆုံးဖြစ်ကာ ရဲစခန်း၊ အချုပ်နဲ့ အကျဉ်းထောင်တွေထဲ ရုပ်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်စော်ကားသတ်ဖြတ်တာ၊ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်တာ၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာ၊ သေဒဏ်ပေး ကွပ်မျက်တာ၊ ဦးခေါင်းကို တည့်တည့်ပစ်သတ်တာ၊ လူသား ဒိုင်းကာ၊ ဓားစာခံတွေအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်တာတွေအထိ ပါဝင်နေတာကို တွေ့ရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အာဏာသိမ်း ၂ နှစ်ကျော်အတွင်း မင်းမဲ့စရိုက်ဆန်ဆန် စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခဲ့တာဖြစ်ပြီး ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၄ ယောက်ကို သေဒဏ်ပေး ကွပ်မျက်ခဲ့တာပါ။

ဦးဂျင်မီကို စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၂၃ ရက်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မှာ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးသွားတာဖြစ်ပြီး ဦးဖြိုးဇေယျာသော်ကိုတော့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် (၆၁) ရပ်ကွက်၊ ရတနာလမ်း၊ ရတနာနှင်းဆီအိမ်ရာမှာ  နိုဝင်ဘာလ ၂၀ ရက်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး ဒီကာလတွေအတွင်း လက်ရှိအချိန်တိုင်အောင် လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013