DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်တွင် တိုက်ပွဲ ပြင်းထန်၊ ဘီးလင်းမြို့နယ် လေးကေစခန်း တိုက်ခိုက်ခံရ
DVB
·
March 26, 2023
ကော့ကရိတ်တွင် တိုက်ပွဲ ပြင်းထန်၊ ဘီးလင်းမြို့နယ် လေးကေစခန်း တိုက်ခိုက်ခံရ
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ  မတ်လ ၂၆ ရက်  ဒီနေ့ မနက် ၅ နာရီ ၄၀ မိနစ်က စပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။

ရုံးကြီးအနောက်ဘက် သင်္ချိုင်းနဲ့ တမိုင်ကုန်းကနေ KNLA ပူးပေါင်းအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာရာက ရွာသစ်ဘက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ စစ်တပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း ဆောက်လုပ်ရေးရုံးအနီး လက်နက်ကြီးကျည် ကျရောက်ခဲ့ရာ ကလေးငယ်တယောက် သေဆုံးပြီး   စုပေါင်းရုံးနောက်ဘက်ထိ ကျရောက် ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

အခုလိုဖြစ်စဉ်တွေကြောင့် မြဝတီ၊ ကော့ကရိတ်နဲ့ ကျုံဒိုးမြို့နယ်တွေမှာ တိုက်ပွဲ အရှိန် ထပ်မံ ပြင်းထန်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

မနေ့ မနက်ပိုင်းကစပြီး မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးနယ်မြေတွေမှာ စစ်ကောင်စီ တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွါးနေပါတယ်ပါ။

တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံး ထိခိုက်ကျဆုံးမှုတွေ ရှိပေမဲ့ ထိခိုက်သေဆုံးသူ အသေးစိတ်ကိုတော့ နှစ်ဘက်လုံးက ထုတ်ပြန်တာ မရှိပါဘူး။

ကရင်ပြည်နယ်က လက်ရှိ တိုက်ပွဲတွေမှာ စစ်တပ်ဘက်က မြေပြင်ရော ဝေဟင်ပါ စစ်ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်နေတာပါ။

လတ်တလော မြ၀တီမြို့နယ်မှ ကော့ကရိတ်၊ ကျုံဒိုးမြို့ကြားမှာ စစ်ရေးနဲ့ လုံခြုံရေး အခြေအနေ ရှုပ်ထွေးနေတာကြောင့် မတ် ၂၅ ရက်ကစပြီး ဖြတ်သန်း သွားလာတာ မလုပ်ဖို့ ကျားဖြူ စစ်ကြောင်းနဲ့ နဂါးဖြူစစ်ကြောင်းတို့က အရေးပေါ်ကြေညာထားပါတယ်။

မတ် ၂၅ ရက် မနက် ၁၁ နာရီကလည်း သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ လေးကေ စခန်းကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခဲ့တယ်လို့ သထုံခရိုင် PDF ကတာဝန်ရှိသူက ပြောပါတယ်။

သထုံခရိုင် PDF  ပြောရေးဆိုခွင့်ရှိသူက“စစ်ကောင်စီတပ်ဖွဲ့ နဲ့ BGF ပေါင်းနေတဲ့ အထိုင်တပ်စခန်းတခုဖြစ်တယ်။ ဒရုန်းဗုံးသီးက ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့တယ်။ မြေပြင်အခြေနေအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုကို စုံစမ်းဆဲပဲ။ သူ့တို့ဘက်က ပြန်ပစ်ဖို့ အချိန်တောင် မရလိုက်ဘူး။ ပူးပေါင်းအဖွဲ့တွေ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာ လာနိုင်တယ်”လို့ ဆိုပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက် သွားမယ်လို့ သထုံခရိုင် PDF တွေက သတိပေးပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေဟာ ကေအန်ယူ သထုံခရိုင်အတွင်းမှာ စစ်ရေး တင်းမာလာပြီး တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013