DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားတွင် ရထားခရီးစဉ်ရပ်နားထားသဖြင့် လိုက်ထရပ်ယာဉ်ငယ်များအသုံးပြုနေရ
DVB
·
March 26, 2023
မြစ်ကြီးနားတွင် ရထားခရီးစဉ်ရပ်နားထားသဖြင့် လိုက်ထရပ်ယာဉ်ငယ်များအသုံးပြုနေရ
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ရထားခရီးစဉ်တွေ မပြေးဆွဲတော့တဲ့အတွက် ဒေသခံတွေအနေနဲ့ အနီးနားကမြို့တွေကို သွားလာဖို့ရာ လိုက်ထရပ်ယာဉ်ငယ်တွေနဲ့ အသုံးပြုနေရတယ်လို့ သိရပါတယ်။

လတ်တလော မြစ်ကြီးနား ဘူတာရှေ့မှာ လိုက်ထရပ်ယာဉ်တွေနဲ့ သုံးဘီးကားဂိတ်တွေ ပေါ်လာပြီး နမ္မတီး၊ မိုးကောင်း၊ မိုးညှင်းနဲ့  မော်လူးမြို့တွေကို ပြေးဆွဲပေးနေတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

light truck ယာဥ်မောင်း တဦးက “ကားခက ၅၀၀၀၊ ပစ္စည့်ပို့ရင်တော့ ၂၀၀၀၊ ၃၀၀၀ ကြည့်ပြီး ယူတယ်”လို့ ဆိုပါတယ်။

ဒီယာဥ်ငယ်တွေဟာ ခရီးသွားတွေရဲ့ အိမ် ဒါမှမဟုတ် ဆိုင်အရောက်လာကြိုပြီး သွားလိုတဲ့ နေရာ အထိပို့ပေးတယ်လို့ နမ္မတီးမြို့ကိုသွားနေကျ ခရီးသည် တဦးက ပြောပါတယ်။

"လာကြိုတယ်။ အိမ်အရောက် လိုက်ပို့တယ်ဆိုတော့ အဆင်ပြေပါတယ်။ တခါတလေ ထိပ်ဆုံးကနေ လာကြိုရင် မြို့ထဲ ၂ နာရီလောက် ပတ်စီးနေရတယ်။ ကားခက ၅၀၀၀ နဲ့ ၆၀၀၀ကြားပဲ" 

စစ်တပ်အာဏာသိမ်းပြီးနောက် ရထားစီးခရီးသည်အများစုဟာ ဒီယာဥ်ငယ်တွေကို အားထား ရတာဖြစ်ပြီး ကသာထိသွားပါက မြစ်ဖျားဧရာကားကြီးဝင်းကနေ မြစ်ကြီးနား-ကသာ တိုက်ရိုက် ကားတွေကိုစီးနင်းကြတာပါ။

အရင်ကဆို ကသာကားတွေ ခရီးသည်စောင့်ပေးပေမယ့် နိုင်ငံရေးအခြေအနေအရ ညနေ ၆ နာရီ ဆို မြို့ထဲ မဝင်ရတော့လို့ သတ်မှတ်ချိန်အတိုင်းပဲ ထွက်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013